အိမ်အသစ်ကြီး ရဲ့ရှေ့ မှာ ဆွဲဆောင် မှု ရှိ ရှိ ဖက်ရှင်လေး နဲ့ အထာကျကျ ဓာတ်ဖမ်းနေတဲ့ နန်းမွေစံ ရဲ့ ဗီဒီယို


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



unicode

မော်ဒယ်လ်နန်းမွေစံကတော့ များစွာသော ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်လေးတွေ၊ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လန်းလန်းလေးတွေကိုဝတ်ဆင်လေ့ ရှိတဲ့ သူမ ကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။

ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် ဆရာဝန် အလုပ်ကို စွန့်လွှတ်ပြီး မော်ဒယ်လ်လောကထဲကိုဝင်ရောက်လာခဲ့တဲ့ သူမကတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖိတ်ကြားခံရတဲ့ပွဲတွေကိုလည်း တက်ရောက်လျက်ရှိနေခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာ ရယူထား နိုင်တဲ့ သူမကတော့ မကြာခင်ကအိမ်အသစ်ကြီးတစ်လုံးကိုဝယ်ယူလိုက်တဲ့အ​ကြောင်းပရိသတ်တွေထံအသိပေးလာခဲ့ပါတယ်။

သူမကတော့ ယခုမှာ ကြီးကျယ် ခမ်းနားပြီး မကြာခင်ကမှ ဝယ်ယူထားတဲ့အိမ်အသစ်ကြီးရဲ့ရှေ့မှာ ဆွဲဆောင်မှုရှိရှိဖက်ရှင်လေးနဲ့ အထာကျကျဓာတ်ဖမ်းနေခဲ့ပါတယ်။သူမကတော့ အဆိုပါအိမ်အသစ်ကြီးOnly Fanကရတဲ့ပိုက်ဆံတွေနဲ့ဝယ်ယူထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မော်ဒယ်လ်နန်းမွေစံရဲ့ အိမ်အသစ်လေးရဲ့ရှေ့မှာ အနီရောင်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Nang Mwe San ‘s Ig Acc Myday

Add a Comment

Your email address will not be published.