ေဒၚေအာင္ဆန္းစုၾကည္ ေျပာ ခဲ့ တဲ့ သမိုင္းမ တြင္ေပမယ့္ သမိုင္းဝင္ မယ့္ စကားတခြန္း

အန္တီနဲ႔ ပတ္သက္ၿပီးေတာ့ မွတ္မွတ္ရရ အခ်ိဳ႕ေတြ ႐ွိခဲ့တာ။ အဲ့ဒီထဲက ၁၉၉၅ ခုႏွစ္က ၾကဳံေတြ႕ရတဲ့ အမွတ္တရ တစ္ခုပါ ။အန္တီက ေဆးလိပ္ေသာက္တာ ကြမ္းစားတာ မႀကိဳက္ဘူး ။ ျခင္းလုံး ကစားရင္ ပိုက္ေက်ာ္ျခင္း ကစားတာထက္ ဝိုင္းျခင္း ခတ္တာကို ပိုသေဘာက်တာ။

ျမန္မာ့႐ိုးရာ အားကစားမို႔ ။ ဒါ့အျပင္ ဝိုင္းျခင္းခတ္တယ္ ဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ အေပးအယူ မွ်မွ်တတ၊ လွလွပပ ခတ္ၾကရတာလည္း ပါတာေပါ့။အစက စကား ျပန္ဆက္ရရင္ ၁၉၉၅ ခုႏွစ္က ၅၄ ျခံထဲမွာ က်ေနာ္တို႔ သူငယ္ခ်င္းေတြေဘာလီေဘာ ကစားတယ္ ေဘာလုံး ကန္ၾကတယ္ ျခင္းလုံး ခတ္ၾကတယ္ဗ်။ လူငယ္ေတြ အဂၤလိပ္စာ အေထာက္အကူ ရဖို႔ အဂၤလိပ္စာ စကားလုံးဆက္ scrabble ကစားၾကတာပါ။တစ္ေန႔ က်ေနာ္တို႔ scrabble ကစားေနတဲ့အခ်ိန္ အန္တီစုနဲ႔ အဘဦးၾကည္ေမာင္ ေရာက္လာတယ္

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အန္တီ နဲ႔ အဘ ေရာက္လာတဲ့ အခ်ိန္မွာ က်ေနာ္တို႔ အဖြဲ႕မွာ က်ေနာ္ အလွည့္ က်ေနာ္ ဆက္ရမယ့္အခ်ိန္ ။က်ေနာ္တို႔ သူငယ္ခ်င္းေတြ ကစားေနတာ သုံးဖြဲ႕၊ တစ္ဖြဲ႕ကို ေလးေယာက္ ကစားတာ ။ က်ေနာ္ ဆက္ရမယ့္ အခ်ိန္ က်ေနာ့္ဆီမွာ စာလုံး ၇ ခု၊ အဲ့ဒီ စာလုံး ၇ ခုထဲမွာ exile ဆိုတဲ့ စကားလုံး ဆက္လို႔ရတာ။ဒါေပမယ့္ အဲ့ဒီစကားလုံး မဆက္ပဲ အျခားစကားလုံးကို စဥ္းစားေနတယ္။အဲ့ဒီ စကားလုံးကို ဆက္ရင္ ကိုယ့္ေအာက္က လူကို ဖြင့္ေပးလိုက္သလို ျဖစ္သြားမွာကိုး.. က်ေနာ္တို႔က ပိတ္ကစားတာ။ အဲ့ဒီအခ်ိန္မွာ အန္တီစုက က်ေနာ့္ေနာက္ကေန “သား အဲ့ဒါ ဆက္လိုက္ေလ ” ဆိုၿပီး ေျပာခဲ့တာ ။

သူဆက္ခိုင္းတာ က်ေနာ္ မဆက္ခ်င္လို႔ထားတဲ့ exile စကားလုံးေလး ။ ဒါနဲ႔ က်ေနာ္လည္း အန္တီစုကို “အန္တီ.. အဲဒီစကားလုံး က်ေနာ္ ဆက္လိုက္ရင္ အျခားသူေတြကို ဖြင့္ေပးသလို ျဖစ္သြားမွာေပါ့” လို႔ က်ေနာ္ ျပန္ေျပာလိုက္တယ္။က်ေနာ့္ ရင္ဘတ္ထဲမွာ ေသေတာင္ မေပ်ာက္ႏိုင္‌ေအာင္ စြဲထင္ေနတဲ့ စကားတစ္ခု အန္တီက ျပန္ေျပာခဲ့တာ။ “သား တစ္ဘက္သူရဲ႕အရည္အခ်င္းကို သိရေအာင္ တစ္ခါတေလ ဖြင့္ကစားရတယ္” တဲ့ ။(အန္တီ့မွာ သူမတူတဲ့ အေတြးအေခၚေတြ စြမ္းရည္ေတြ အမ်ားႀကီး႐ွိတယ္ ဆိုတာ ယုံ)Mg

Tin Hla

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

အန်တီနဲ့ ပတ်သက်ပြီးတော့ မှတ်မှတ်ရရ အချို့တွေ ရှိခဲ့တာ။ အဲ့ဒီထဲက ၁၉၉၅ ခုနှစ်က ကြုံတွေ့ရတဲ့ အမှတ်တရ တစ်ခုပါ ။အန်တီက ဆေးလိပ်သောက်တာ ကွမ်းစားတာ မကြိုက်ဘူး ။ ခြင်းလုံး ကစားရင် ပိုက်ကျော်ခြင်း ကစားတာထက် ဝိုင်းခြင်း ခတ်တာကို ပိုသဘောကျတာ။

မြန်မာ့ရိုးရာ အားကစားမို့ ။ ဒါ့အပြင် ဝိုင်းခြင်းခတ်တယ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မျှမျှတတ၊ လှလှပပ ခတ်ကြရတာလည်း ပါတာပေါ့။အစက စကား ပြန်ဆက်ရရင် ၁၉၉၅ ခုနှစ်က ၅၄ ခြံထဲမှာ ကျနော်တို့ သူငယ်ချင်းတွေဘောလီဘော ကစားတယ် ဘောလုံး ကန်ကြတယ် ခြင်းလုံး ခတ်ကြတယ်ဗျ။ လူငယ်တွေ အင်္ဂလိပ်စာ အထောက်အကူ ရဖို့ အင်္ဂလိပ်စာ စကားလုံးဆက် scrabble ကစားကြတာပါ။တစ်နေ့ ကျနော်တို့ scrabble ကစားနေတဲ့အချိန် အန်တီစုနဲ့ အဘဦးကြည်မောင် ရောက်လာတယ်

အန်တီ နဲ့ အဘ ရောက်လာတဲ့ အချိန်မှာ ကျနော်တို့ အဖွဲ့မှာ ကျနော် အလှည့် ကျနော် ဆက်ရမယ့်အချိန် ။ကျနော်တို့ သူငယ်ချင်းတွေ ကစားနေတာ သုံးဖွဲ့၊ တစ်ဖွဲ့ကို လေးယောက် ကစားတာ ။ ကျနော် ဆက်ရမယ့် အချိန် ကျနော့်ဆီမှာ စာလုံး ၇ ခု၊ အဲ့ဒီ စာလုံး ၇ ခုထဲမှာ exile ဆိုတဲ့ စကားလုံး ဆက်လို့ရတာ။ဒါပေမယ့် အဲ့ဒီစကားလုံး မဆက်ပဲ အခြားစကားလုံးကို စဉ်းစားနေတယ်။အဲ့ဒီ စကားလုံးကို ဆက်ရင် ကိုယ့်အောက်က လူကို ဖွင့်ပေးလိုက်သလို ဖြစ်သွားမှာကိုး.. ကျနော်တို့က ပိတ်ကစားတာ။ အဲ့ဒီအချိန်မှာ အန်တီစုက ကျနော့်နောက်ကနေ “သား အဲ့ဒါ ဆက်လိုက်လေ ” ဆိုပြီး ပြောခဲ့တာ ။

သူဆက်ခိုင်းတာ ကျနော် မဆက်ချင်လို့ထားတဲ့ exile စကားလုံးလေး ။ ဒါနဲ့ ကျနော်လည်း အန်တီစုကို “အန်တီ.. အဲဒီစကားလုံး ကျနော် ဆက်လိုက်ရင် အခြားသူတွေကို ဖွင့်ပေးသလို ဖြစ်သွားမှာပေါ့” လို့ ကျနော် ပြန်ပြောလိုက်တယ်။ကျနော့် ရင်ဘတ်ထဲမှာ သေတောင် မပျောက်နိုင်‌အောင် စွဲထင်နေတဲ့ စကားတစ်ခု အန်တီက ပြန်ပြောခဲ့တာ။ “သား တစ်ဘက်သူရဲ့အရည်အချင်းကို သိရအောင် တစ်ခါတလေ ဖွင့်ကစားရတယ်” တဲ့ ။(အန်တီ့မှာ သူမတူတဲ့ အတွေးအခေါ်တွေ စွမ်းရည်တွေ အများကြီးရှိတယ် ဆိုတာ ယုံ)Mg Tin Hla

Add a Comment

Your email address will not be published.