အင္းစိန္ေထာင္ထဲေနခဲ့ရတဲ့ ကာလတစ္ေလွ်ာက္လံုးရဲ႕ ခံစားခ်က္ေလးကို ဖြင့္ဟလာခဲ့တဲ့ ေမဦးေမာင္

မိတ္ကပ္ေလာကမွာ ေအာင္ျမင္မႈေတြရ႐ွိေနတဲ့ မိတ္ကပ္ပညာ႐ွင္ ေမဦးေမာင္ကိုေတာ့ ပရိသတ္ေတြလည္း သိၾကမယ္လို႔ထင္ပါတယ္။ ေမဦးေမာင္ဟာ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းကေန ယခုအခ်ိန္ထိ ျပည္သူေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေပးခဲ့ၿပီး လူထုလႈပ္႐ွားမႈေတြမွာလည္း တက္ႂကြစြာပါဝင္ခဲ့တဲ့ သူပဲျဖစ္ပါတယ္။

ဒီလိုျပည္သူေတြနဲ႔အတူ တက္ႂကြစြာပါဝင္လႈပ္႐ွားခဲ့ၿပီးေနာက္ ေမဦးေမာင္ဟာ ၅၀၅(က)ျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈကိုလည္း ခံခဲ့ရပါတယ္။ယင္းေနာက္မွာေတာ့ ေမဦးေမာင္ဟာ အင္းစိန္ေထာင္ထဲမွာ လပိုင္းေလာက္ ခ်ဳပ္ေႏွာင္းမႈကို ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ လပိုင္းက ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။

အခ်ဳပ္အေႏွာင္ထဲကေန ျပန္လည္လြတ္လာတဲ့ အခ်ိန္တုန္းကလည္း ခ်စ္ရတဲ့ သူေတြက ေမဦးေမာင္ကို ခ်ီးက်ဴးဂုဏ္ျပဳ ေပးၾကတာ ေတြ႕ရပါတယ္။ ယခုမွာေတာ့ ေမဦးေမာင္ဟာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ အခ်ိန္တုန္းက ခံစားခဲ့ရတဲ့ အျဖစ္ေလးကို သတိရကာ ျပန္လည္ေျပာျပလာခဲ့တာ ေတြ႕ကပါတယ္။ဒါကေတာ့ အင္းစိန္ေထာင္ထဲမွာ သူမ ေနခဲ့ရတဲ့ ကာလ တစ္ေလ်ာက္မွာ ေလယာဥ္ပ်ံသံၾကားတိုင္း လြတ္လပ္စြာ သြားလာခြင့္ရေနတဲ့ သူေတြကို အားက်မိတာေလးပါ။ဒီလိုျဖစ္ဖူးခဲ့တဲ့ ခံစားခ်က္ေတြကို ယခုအခ်ိန္ထိ ေမ့လို႔မရဘဲ ႐ွိေနေသးေၾကာင္းကို ဖြင့္ဟထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေထာင္ထဲမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ သူေတြကို အားလုံးကို လြတ္ေျမာက္ပါေစလို႔လည္း ဆုေတာင္းေပးခဲ့တာ ေတြ႕ရပါတယ္။

unicode

မိတ်ကပ်လောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ မိတ်ကပ်ပညာရှင် မေဦးမောင်ကိုတော့ ပရိသတ်တွေလည်း သိကြမယ်လို့ထင်ပါတယ်။ မေဦးမောင်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ယခုအချိန်ထိ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။

ဒီလိုပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် မေဦးမောင်ဟာ ၅၀၅(က)ဖြင့် ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရပါတယ်။ယင်းနောက်မှာတော့ မေဦးမောင်ဟာ အင်းစိန်ထောင်ထဲမှာ လပိုင်းလောက် ချုပ်နှောင်းမှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့ လပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အချုပ်အနှောင်ထဲကနေ ပြန်လည်လွတ်လာတဲ့ အချိန်တုန်းကလည်း ချစ်ရတဲ့ သူတွေက မေဦးမောင်ကို ချီးကျူးဂုဏ်ပြု ပေးကြတာ တွေ့ရပါတယ်။ ယခုမှာတော့ မေဦးမောင်ဟာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အချိန်တုန်းက ခံစားခဲ့ရတဲ့ အဖြစ်လေးကို သတိရကာ ပြန်လည်ပြောပြလာခဲ့တာ တွေ့ကပါတယ်။ဒါကတော့ အင်းစိန်ထောင်ထဲမှာ သူမ နေခဲ့ရတဲ့ ကာလ တစ်လျောက်မှာ လေယာဉ်ပျံသံကြားတိုင်း လွတ်လပ်စွာ သွားလာခွင့်ရနေတဲ့ သူတွေကို အားကျမိတာလေးပါ။ဒီလိုဖြစ်ဖူးခဲ့တဲ့ ခံစားချက်တွေကို ယခုအချိန်ထိ မေ့လို့မရဘဲ ရှိနေသေးကြောင်းကို ဖွင့်ဟထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ သူတွေကို အားလုံးကို လွတ်မြောက်ပါစေလို့လည်း ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *