ရေစိုစို ခန္ဓာကိုယ် အလှတရားတွေ နဲ့ လုံးဝ အမိုက်စားဖြစ်နေပြီး ပျော်ပျော်ပါးပါးရေဆော့ကစားနေတဲ့ သင်ဇာဝင့်ကျော်
|မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ပြေပြစ်လှပတဲ့ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ သင်ဇာက အားကစားလိုက်စားသူလေးဖြစ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်လေ့ရှိတာကြောင့် သူမရဲ့ Body အလှကိုထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ် ။ ကိုယ်လုံးကိုယ်ပေါက်လှတဲ့ သင်ဇာက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်နေတာလည်း ဖြစ်ပါတယ် ။
သင်ဇာကတော့ တစ်နေ့ထက်တစ်နေ့ပိုတိုးလို့လှလာပြီး လူငယ်လေး တစ်ယောက်လို အမြဲတမ်း လန်းဆန်းတက်ကြွနေတတ်တာ ဖြစ်ပါတယ် ။ လက်ရှိမှာ သင်ဇာဝင့်ကျော်က ကြော်ငြာရိုက်ကူးရေးအတွက် “Mandalay Waterboom”ကိုရောက်ရှိနေပြီး စိတ်ပြေလက်ပျောက် အနားယူနေတာ ဖြစ်ပါတယ် ။ အခုလည်း သင်ဇာက သူမရဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးရေဆော့ကစားရင်း အမှတ်တရပုံလေးတွေကို ရိုက်ကူးခဲ့ပါသေးတယ်။
ရေဆော့ရင်း ပျော်ရွှင်နေတဲ့ သင်ဇာကတော့ အမိုက်စားပို့စ်တွေပေးပြီး ဓာတ်ဖမ်း ခဲ့တာလည်း ဖြစ်ပါတယ် ။ ရေတွေစိုရွှဲပြီး စွဲမက်ဖွယ်ကောင်းလောက်အောင် ညို့အားပြင်းပြင်းလှနေတဲ့ သင်ဇာကတော့ အရမ်းကိုဆွဲဆောင်မှုပြည့်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ရေဆော့ကစားရင်းအပန်းဖြေနေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အမိုက်စားပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit -ThinZar Wint Kyaw’s FB Acc