ကြည့်ရှု့သူများပြားနေတဲ့ မိုးဟေကို၊ အူဝဲ နဲ့ ခင်ဝင့်ဝါ တို့ ရဲ့ ချစ်စရာ TIK TOK ဗီဒီယိုလေး
|ပရိသတ်ကြီးရေ.. အနု ပညာလောကမှာ ယောက်ျားလေး မိန်းကလေး ပရိသတ် မရွေး အားလုံးရဲ့ အချစ်တွေ နဲ့ အောင်မြင်မှုတွေ များစွာရရှိထားကြတဲ့ ပြည်သူချစ်မင်းသမီးချောတွေအဖြစ် ရပ်တည်နေကြသူတွေကတော့ အိန္ဒြာကျော်ဇင်၊ မိုးဟေကိုနဲ့ ခင်ဝင့်ဝါတို့ပဲ ဖြစ်ပါတယ်နော်..။ ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး သူမတူတဲ့ အလှပုံရိပ်လေးတွေ နဲ့ မြင်သူတိုင်းကို အေးချမ်းစွာ အချစ်ပိုစေကြတဲ့ သူမတို့ သုံးယောက် ကတော့ ပရိသတ်တွေကိုယ်စီနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေကြ သူလေးတွေပါပဲ..။
ပရိသတ် အသည်းကျော်လေးတွေ ဖြစ်ကြတဲ့ အူဝဲ၊ မိုးနဲ့ ခေးတို့ သုံးယောက် ဟာ လက်ရှိမှာလည်းကြော်ငြာတွေရိုက်ကူးကာ အနုပညာအလုပ်တွေကိုအတူလုပ်ဆောင်နေပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်နော်..။ တစ်ယောက်တစ်မျိုးအလှတွေကိုယ်စီနဲ့ အလှချင်းပြိုင်ကာ ညို့အားပြင်းပြင်း လှရက် လွန်းနေကြတဲ့ အချစ်တော်လေး သူမတို့ သုံးယောက်ကတော့ အခု Tok Tik ဗီဒီယိုလေးထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် ရယ်မောပျော်ရွှင်ပြီး ခွီနေကြတာလေးကလည်း တကယ်ကို ချစ်စရာလေးတွေပါပဲ..။
ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ် အသည်းကျော်လေး တွေ ဖြစ်ကြတဲ့ အူဝဲ၊ မိုးနဲ့ခေးတို့ သုံးယောက်ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကိုလည်း အားလုံးအတွက် တင်ဆက်ပေး လိုက်ပါတယ်နော်..။
Swelsone News