သေးသေးသွယ်သွယ်ကိုယ်လုံးအလှလေးကိုထင်ဟပ်နေပြီး အရွယ်တင်နုပျိုနေတဲ့ နန်းဆုရတီစိုး
Source : Nansu Yati Soe
unicode
ပရိသတ်ကြီးရေ……အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းဆုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ ပရိသတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။
နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချစ်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်…..။
န်းဆုဟာလည်း အသက်အရွယ်နဲ့မလိုက်အောင်ကို နုဖတ်နေတာလည်းဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ မကြာသေးမီကတော့ သူမရဲ့ Facebookစာမျက်နှာမှာ “အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ် ….မင်းက ချစ်တာထက်ကို ပိုတယ် …”ဆိုတဲ့ captionလေးနဲ့ သူမရဲ့မြန်မာဆန်ဆန်လှနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Nansu Yati Soe