ပြည်သူတွေက လုပ်ချလိုက်ပြန်ပြီ (အိမ်ရှေ့အထိ အရောက်ပို့ပေးမယ့် ၅၀၀ တန် မိုဘိုင်းထမင်းဆိုင်တဲ့)
Crd-Original Post
unicode
မန္တလေးမြို့တွင် ပထမဦးဆုံး မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးမည့် စွဲလမ်း ကျပ်ငါးရာတန်ထမင်းဆိုင်ကို ဒီဇင်ဘာ၉ရက်(မနက်ဖြန်) ညနေပိုင်းမှစတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ် မန္တလေးမြို့တွင်း အခြေခံလူတန်းစားများ အများအပြားတည်ရှိရာ ရပ်ကွက်နေရာများသို့ မော်တော်ယာဉ်ဖြင့်သွားရောက်ကာ ထမင်းနှင့်ဟင်းကို တခါပြင်ပါဆယ်စနစ်ဖြင့် တပတ်လျှင်သုံးရက် ရောင်းချပေးမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၉ ရက်တွင် အဆိုပါ တန်ဖိုးနည်းမိုဘိုင်းထမင်းဆိုင် ဖွင့်လှစ်မည့်နေရာမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာမြို့သစ်၊ ၁၁၇လမ်း၊ ၄၅လမ်းနှင့် ၄၆လမ်းကြားဖြစ်ပြီးထမင်း၊ ကြက်သားနှင့်အာလူးချက်၊ ပန်းမုံလာကြော်၊ ချဉ်ပေါင်မျှစ်ချဉ်ရည်၊ ငပိရည်ကျို၊ ငရုတ်သီးထောင်း၊ အတို့အမြုပ်တို့ကို ညနေ၄နာရီအချိန်မှ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။
ဆိုင်ရေရှည် ရပ်တည်ဖွင့်လှစ်နိုင်ရေးအတွက် အလှူရှင်များအနေဖြင့် နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး တရက်တာ စတုဒိသာကုသိုလ်ရှင်အဖြစ်လည်း လှူဒါန်းနိုင်ကြောင်း သိရပါတယ်အလှူရှင်များနဲ့ ကူညီလုပ်ကိုင်ပေးတဲ့ ပရဟိတ မောင်မယ် ညီအကို မောင်နှမများကိုလည်း ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။
Crd-Original Post