unicode
အံ့သြသွားရလောက်အောင် အသုံးဝင်တဲ့ ဇော်ဂျီတောင်ဝှေးအပင် အကြောင်းကို စာဖတ်ပရိသတ်များ သိရှိစေရန် ဖော်ပြလိုက်ပါတယ်။ ဇော်ဂျီတောင်ဝှေးအနီ, အစိမ်း , ဇော်ရောင် အမျိုးမျိုးရှိ ဇော်ဂမုန်းလို့လည်းခေါ်အရွက်အနေက အကြီး , အငယ် , အသွယ် , အတို, ဟူ၍ အမျိုးမျိုးရှိအမျိုးသမီးသွေးသားမှန်အောင်ဇော်ဂျီတောင်ဝှေးပ ဉ္စငါးပါးကြိတ်သည့်သတ္ထု ရည်နဲ့ထန်းလျက်ဆတူ ရောပြီးသောက်။ အမျိုး သမီးများမီးယပ်မပေါ်ခြင်း ပ ဉ္စငါးပါးကိုသကြားနဲ့ကျိုသောက်။ သွေးအန်, သွေးကျ , သွေးလျံ ,
သွေးသွန်နာဇော်ဂျီတောင်ဝှေးပ ဉ္စငါးပါးကို သကြားနဲ့၃ ခွက် ၁ ခွက်ကျိုသောက်ပေး။နှာခေါင်းသွေးလျံ , သွေးကျ. ,အမြစ်ကိုသွေး ရူပေး ။လျာအနာ , အဖုအပိန့် , အမြစ်သွေးပြီးဆားအနည်းငယ်ထည့်လျာနာကိုနိူက်ပေးရသည်။ ဝဲစို , ဝဲခြောက် , ပေါင်ခြံကွဲနာ , အမြစ်ကိုသွေး လိမ်းပျောက်ကင်း။ဝမ်းကိုက် အရွက် ပါးပါးလှီး သုတ်စား ဝမ်းကိုက်ပျောက်, ဝမ်းကိုမှန်စေ။ရင်ဘတ်နာ အရွက်ကို နွားနို့နဲ့ပြုတ်ပြီး သောက်ပေးပျောက်ကင်း။ပန်းနာရင်ကျပ်.အရွက်နဲ့အရိုးကိုပြုတ်ကျိုပြီး နံနက် ၁ ခွက်, ည တစ်ခွက်သောက် ။
အရွက်နဲ့အရိုးကို အခြောက်လှန်း ရေနွေးခပ်သောက်ပါကပန်းနာရောဂါမထတော့ပါ အမျိုးသမီးများသွေးဆုံးရောဂါပျောက်အောင် ဇော် ဂျီတောင်ဝှေးပ ဉ္စငါးပါးကြိတ် ရည်ညှစ်ယူပြီး ချင်း,ထန်းလျက်ဆတူရောပြီးနေ့စဉ်သောက်ပေး သွေးဆုံးရောဂါပျောက်ပြီး ,မောပန်းခြင်း ကိုပါခံနိုင်ရည်ရှိလာမည်။
ရဲမျိုးသူ (ဗောဓိမြိုင်)
Add a Comment
Your email address will not be published. Required fields are marked *