ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာတိုင်းရင်းသားပြည်သူ​တွေပူး​ပေါင်း​ပေးပါဟု ပြောကြား











unicode

ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေး ဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးကို ဒီမိုကရေစီကိုဖော်ဆောင်ရာမှာ အဓိကအခြေခံရမည့်အ ချက်ပဲဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဒီနေ့မှာကျင်း ပတဲ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့လိုအပ်ပါတယ်။ဒါမှသာ မတူကွဲပြားမှုတွေကို အပြန်အ လှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ပြောဆိုသည်။“တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ ကျစ်လစ်ခိုင်မာတဲ့ညီညွတ်တဲ့ စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်”လို့ နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားညီနောင်တွေအား လုံးတန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ဖို့နဲ့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး၊စည်းလုံးညီညွတ်ရေး၊စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးတို့ကို အဓိကထားဆောင်ရွက်နေပါတယ်လို့ပြော ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ-၂၂ မှာ နိုင်ငံတော်သည် တိုင်းရင်းသားများရဲ့စကား၊စာ ပေ၊အနုပညာ၊ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီဆောင်ရွက်မည်၊တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ရေး၊ချစ်ကြည်လေးစားရေးနဲ့ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေဖို့ ကူညီဆောင်ရွက်မယ်လို့ ပြဌာန်းထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အနေနဲ့ချမှတ်ထားတဲ့ လူမှုရေးဦးတည်ချက်မှာပါတဲ့ “စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရေး” အချက်တွေကို သတ်မှတ်ဆောင်ရွက်နေပါတယ်လို့ နစက ဥက္ကဋ္ဌကပြောဆိုသည်။

ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေး ဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးကို ဒီမိုကရေစီကိုဖော်ဆောင်ရာမှာ အဓိကအခြေခံရမည့်အ ချက်ပဲဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဒီနေ့မှာကျင်း ပတဲ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့လိုအပ်ပါတယ်။ဒါမှသာ မတူကွဲပြားမှုတွေကို အပြန်အ လှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ပြောဆိုသည်။

“တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ ကျစ်လစ်ခိုင်မာတဲ့ညီညွတ်တဲ့ စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်”လို့ နစက ဥက္ကဋ္ဌကပြောသည်။နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားညီနောင်တွေအား လုံးတန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ဖို့နဲ့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး၊စည်းလုံးညီညွတ်ရေး၊စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးတို့ကို အဓိကထားဆောင်ရွက်နေပါတယ်လို့ပြော ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ-၂၂ မှာ နိုင်ငံတော်သည် တိုင်းရင်းသားများရဲ့စကား၊စာ ပေ၊အနုပညာ၊ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီဆောင်ရွက်မည်၊တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ရေး၊ချစ်ကြည်လေးစားရေးနဲ့ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေဖို့ ကူညီဆောင်ရွက်မယ်လို့ ပြဌာန်းထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အနေနဲ့ချမှတ်ထားတဲ့ လူမှုရေးဦးတည်ချက်မှာပါတဲ့ “စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရေး” အချက်တွေကို သတ်မှတ်ဆောင်ရွက်နေပါတယ်လို့ နစက ဥက္ကဋ္ဌကပြောဆိုသည်။

Add a Comment

Your email address will not be published. Required fields are marked *