လည္ပတ္ ကို မ်က္စိေနာက္ၿပီး ဝင္ခတ္ခဲ့သ ည့္ ျပည္သူ႕ကြၽဲမေလး ကို ေဘးမဲ့ေပးေတာ့မည္
|ေဇယ်ာတိုင္း ဒီဇင္ဘာ ၁၁ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၈ ရက္ေန႔က ကြၽန္းလွႏွင့္ ေကာလင္းအစပ္ ေညာင္ပင္႐ိုး႐ြာမွာစစ္ေကာင္စီတပ္သားတစ္ဦးကို ဒဏ္ရာအျပင္းအထန္ရေအာင္ ခတ္ခဲ့တဲ့ ကြၽဲမႀကီးကို ေဘးမဲ့ ေပးမယ္လို႔ေဒသခံ ႐ြာသားမ်ားရဲ႕ေျပာၾကားခ်က္အရသိရသည္စစ္ေကာင္စီ စစ္ေၾကာင္းဟာ ေကာလင္းၿမိဳ႕နယ္နဲ႔ကြၽန္းလွၿမိဳ႕နယ္အစပ္ေညာင္ပင္႐ိုးေက်း႐ြာမွ ပ်ဥ္ပင္႐ြာသို႔အကူး ႐ြာစြန္ တာဝါတိုင္အနီးကြၽဲျခံမွလူတစ္ဦးကို လမ္းျပရန္ စစ္ေကာင္စီတပ္သားတခ်ိဳ႕ဝင္ေရာက္ေခၚေဆာင္ခ်ိန္မွာမ်က္စိတစ္ဘက္မျမင္ရလို႔လႊတ္ထားတဲ့ ကြၽဲမႀကီးက ဝင္ခတ္ရာ စစ္သားတစ္ဦး ဗိုက္ပြင့္ ဒဏ္ရာရခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္
မေတာ္တဆဆိုေပမဲ့ ႐ြာမွာေတာ့ကြၽဲကိုျပည္သူ႕ကြၽဲဆိုၿပီးဂုဏ္ျပဳေနၾကတယ္ လည္စည္းအနီကို မ်က္စိေနာက္ၿပီး ဝင္ခတ္တာျဖစ္ႏိုင္တယ္ဒီကြၽဲမႀကီးက မ်က္စိတစ္ဖက္မျမင္ဘူး သူတို႔လည္း ျပာၿပီး ကြၽဲကို ရန္ျပဳမသြားဘူးလို႔ေကာလင္းအေနာက္ျခမ္းသားတစ္ဦးကေဒသတြင္းသတင္းအရင္းျမစ္တစ္ခုျဖစ္တဲ့ Chindwin Review ကိုေျပာထားပါတယ္
ကြၽဲခတ္ခံရတဲ့ စစ္သားမွာ ဒဏ္ရာအျပင္းအထန္ရၿပီး ေဆး႐ုံ ပို႔ထားေၾကာင္း ေနာက္ၿပီးအသက္အႏၲရာယ္ဆိုးရိမ္ရေၾကာင္းသိ႐ွိရသည္စစ္ေကာင္စီဘက္ကေတာ့ စစ္သား ကြၽဲခတ္ခံရတဲ့ သတင္းကို အတည္ျပဳဖို႔ျငင္းဆန္တဲ့အေၾကာင္းသိ႐ွိရသည္
ယခုအခ်ိန္မွာေတာ့ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ေဒသခံတခ်ိဳ႕ဟာ ကြၽဲႀကီးကို ဝယ္ယူၿပီး ေဘးမဲ့ေပးဖို႔တိုင္ပင္ေနၾကၿပီး
ေကာလင္းၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တဖန္ျပန္လည္၍ စစ္ေရးတင္းမာလာခဲ့သည္
crd
unicode
ဇေယျာတိုင်း ဒီဇင်ဘာ ၁၁ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ကျွန်းလှနှင့် ကောလင်းအစပ် ညောင်ပင်ရိုးရွာမှာစစ်ကောင်စီတပ်သားတစ်ဦးကို ဒဏ်ရာအပြင်းအထန်ရအောင် ခတ်ခဲ့တဲ့ ကျွဲမကြီးကို ဘေးမဲ့ ပေးမယ်လို့ဒေသခံ ရွာသားများရဲ့ပြောကြားချက်အရသိရသည်စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့နယ်နဲ့ကျွန်းလှမြို့နယ်အစပ်ညောင်ပင်ရိုးကျေးရွာမှ ပျဉ်ပင်ရွာသို့အကူး ရွာစွန် တာဝါတိုင်အနီးကျွဲခြံမှလူတစ်ဦးကို လမ်းပြရန် စစ်ကောင်စီတပ်သားတချို့ဝင်ရောက်ခေါ်ဆောင်ချိန်မှာမျက်စိတစ်ဘက်မမြင်ရလို့လွှတ်ထားတဲ့ ကျွဲမကြီးက ဝင်ခတ်ရာ စစ်သားတစ်ဦး ဗိုက်ပွင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်းသိရသည်
မတော်တဆဆိုပေမဲ့ ရွာမှာတော့ကျွဲကိုပြည်သူ့ကျွဲဆိုပြီးဂုဏ်ပြုနေကြတယ် လည်စည်းအနီကို မျက်စိနောက်ပြီး ဝင်ခတ်တာဖြစ်နိုင်တယ်ဒီကျွဲမကြီးက မျက်စိတစ်ဖက်မမြင်ဘူး သူတို့လည်း ပြာပြီး ကျွဲကို ရန်ပြုမသွားဘူးလို့ကောလင်းအနောက်ခြမ်းသားတစ်ဦးကဒေသတွင်းသတင်းအရင်းမြစ်တစ်ခုဖြစ်တဲ့ Chindwin Review ကိုပြောထားပါတယ်
ကျွဲခတ်ခံရတဲ့ စစ်သားမှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံ ပို့ထားကြောင်း နောက်ပြီးအသက်အန္တရာယ်ဆိုးရိမ်ရကြောင်းသိရှိရသည်စစ်ကောင်စီဘက်ကတော့ စစ်သား ကျွဲခတ်ခံရတဲ့ သတင်းကို အတည်ပြုဖို့ငြင်းဆန်တဲ့အကြောင်းသိရှိရသည်
ယခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ဟာ ကျွဲကြီးကို ဝယ်ယူပြီး ဘေးမဲ့ပေးဖို့တိုင်ပင်နေကြပြီး
ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တဖန်ပြန်လည်၍ စစ်ရေးတင်းမာလာခဲ့သည်