လူငယ်တွေရဲ့ ပညာပေးခြင်းခံလိုက်တဲ့ ရွှေရူပါဦး ရဲ့ (ရုပ်/သံ)

တပ်ချစ်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ရွှေရူပါဦးကတော့ သူမကိုယ်သူမ အဓမ္မဘက်မှာရပ်တည်နေတာကို အသိတရားမရနိုင်သေး သူတစ်ယောက်ဖြစ်ပါတယ်။တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ ရွှေရူပါဦးဟာ ဒီကနေ့မှာလည်း သူမကို ဆိုရှယ်မီဒီယာမှဝေဖန်နေကြတဲ့ လူတွေကို စကားကြီးစကားကျယ်တွေပြောပြီး တရားဟောလိုက်ပြန်တာကို အခုလိုပဲတွေ့ရပါတယ်။

အများက ဝိုင်းပြီးရှုံချနေတာတောင် မတရားတဲ့အဓမ္မဘက်မှာ ရပ်မြဲရပ်ဆဲဖြစ်တဲ့ ရွှေရူပါဦးဟာ ဒီဇင်ဘာလ (၅) ရက်နေ့ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းက ကလေးတွေ မတရားသဖြင့်ကျဆုံးသွားခဲ့တာတောင် နေပြည်တော်က စစ်သည်ဗိမ္မာန်ကို သွားရောက်ဂါရဝပြုခဲ့တယ်လို့ ဆိုပါတယ်။ရွှေရူပါဦးက “ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်ခဲ့ရတဲ့ကျဆုံးစစ်သည်များ အတွက်လွမ်းဆွတ်သတိရ ဂုဏ်ပြုဂါရဝပြုအခမ်းအနားတက်ရောက်၎နှစ်ဆက်တိုက် ၄ ကြိမ်မြောက် တက်ရောက်ဂါရဝပြုခြင်းပါ။

သူရဲကောင်း စစ်သည်ဗိမာန်(နေပြည်တော်)” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ် ရွှေရူပါဦးကတော့ သူမရဲ့လုပ်ရပ်တွေမှာ မှန်လား၊ မှားလားဆိုတာတောင် ဝေခွဲလို့မရနိုင်ပဲစစ်တပ်ရဲ့ဝါဒဖြန့်မှိုင်းတွေမိနေတယ်ဆိုတာသူမရဲ့လုပ်ရပ်တွေက သက်သေပါပဲ။ မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။

crd

Add a Comment

Your email address will not be published. Required fields are marked *