မြန်မာနိုင်ငံမှာ အပူချိန်တွေလျော့နည်းပြီးအအေးပိုလာနိုင် သည့်..မြို့များ
Credit;..
unicode
လာမယ့်ဒီဇင်ဘာ၁၅ရက်နေ့နောက်ပိုင်းမှစတင်ကာညအပူချိန်တွေလျော့နည်းပြီး အအေးပိုလာနိုင်ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာနိုင်ငံအလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာပူနွေးနေပြီးမြစ်ဝကျွန်းပေါ် နဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးရွာသွန်းမှုမရှိသလောက်နည်းပါးပြီးရာသီဥတုသာယာမှုရှိတာကြောင့်အအေးပိုလာတာဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၁ခုနှစ်ဒီဇင်ဘာ၁၅ရက်နေ့နောက်ပိုင်းမှစတင်ကာ ညအပူချိန်တွေလျော့နည်းပြီး အအေးပိုလာနိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်းကပြောကြားထားပါတယ်။လက်ရှိမြစ်ဝကျွန်းပေါ်ဒေသတွေမှာပြန်နွေးနေဦးမှာဖြစ်ပြီးလက်ရှိအေးနေတဲ့ဒေသတွေမှာတော့ညပိုင်းအပူချိန်အနည်းငယ်ပြန်တက်လာပြီးအအေးပေါ့မယ့်အနေထားမှာရှိတယ်လို့သိရပါတယ်။
ဒီဇင်ဘာ၁၅ရက်နေ့နောက်ပိုင်းမှာတော့မြောက်ပိုင်းစွန်းနဲ့တောင်ပိုင်းစွန်းဒေသတွေမှာညအပူချိန်တွေလျော့နည်းပြီး အအေးပိုလာနိုင်ကာကျန်တဲ့နေရာတွေမှတော့မိုးရွာသွန်းမှုအခြေအနေနည်းပြီး ပူနွေးနေဦးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
Credit;..