အတိတ္ေမ့ အယ္ဇိုင္းမားေရာဂါ ခံစားေန ရတဲ့ စစ္ေထာက္လွမ္းေရး အႀကီးအ ကဲေဟာင္း ဦးခင္ၫြန္႔
|ျမန္မာႏိုင္ငံတြင္ တခ်ိန္က ေၾကာက္စရာ အေကာင္းဆုံးလူျဖစ္ခဲ့ေသာ စစ္ေထာက္လွမ္းေရး အႀကီးအကဲေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ဦးခင္ၫြန္႔သည္ အယ္လ္ဇိုင္းမား (ဦးေႏွာက္လုပ္ေဆာင္ပုံမ်ား ခြၽတ္ယြင္းသည့္) ေရာဂါ ခံစားေနရေသာေၾကာင့္ ေဆးကုသမႈခံယူေနေၾကာင္း သူ၏ မိသားစုႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္မ်ားအရ သိရသည္။
အသက္ ၈၂ ႏွစ္႐ွိၿပီျဖစ္ေသာ ေထာက္လွမ္းေရးေဟာင္း ဦးခင္ၫြန္႔သည္ အယ္လ္ဇိုင္းမားေရာဂါ ခံစားေနရေၾကာင္း ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ရန္ကုန္႐ွိ သူ၏ေနအိမ္သို႔ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ သြားေရာက္ေသာအခါ အသိေပးခဲ့ေၾကာင္း သိရသည္။သက္ ၈၂ ႏွစ္႐ွိၿပီျဖစ္ေသာ ေထာက္လွမ္းေရးေဟာင္း ဦးခင္ၫြန္႔သည္ အယ္လ္ဇိုင္းမားေရာဂါ ခံစားေနရၿပီး ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ရန္ကုန္႐ွိ သူ၏ေနအိမ္သို႔ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ သြားေရာက္ေသာအခါ အသိေပးခဲ့ေၾကာင္း သိရသည္။ ဦးခင္ၫြန္႔သည္ သူ မည္သူႏွင့္ ေတြ႕ဆုံေနသည္ကို မသိေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာသည္။ စစ္ေကာင္စီက ထုတ္ျပန္သည့္ ၎တို႔ေတြ႕ဆုံေနသည့္ ဓာတ္ပုံတြင္ တခ်ိန္က မ်က္ႏွာထားတင္းမာၿပီး ေမာက္မာေသာ ေထာက္လွမ္းေရး အႀကီးအကဲေဟာင္းသည္ သိသိသာသာ အားအင္ခ်ည့္နဲ႔ေဖ်ာ့ေတာ့ေနသည္။
စစ္ေကာင္စီအာေဘာ္ သတင္းဌာနမ်ားက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္သည္ ထိုေထာက္လွမ္းေရးအႀကီးအကဲ၏ က်န္းမာေရးအေျခအေနကို ေမးျမန္းၿပီး လိုအပ္ပါက သူ႕ကို စစ္ေဆး႐ုံမ်ားတြင္ ကုသရန္ ကမ္းလွမ္းကာ အျခားကိစၥမ်ားအျပင္ ျမန္မာႏိုင္ငံေရး အေျခအေနကိုလည္း အစီရင္ခံေၾကာင္း ေဖာ္ျပသည္။
လအတန္ၾကာက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္၏ လက္ေအာက္ငယ္သားမ်ားသည္ ဦးခင္ၫြန္႔၏ ေနအိမ္သို႔ သြားေရာက္ၿပီး လက္႐ွိ စစ္ေကာင္စီထံမွ အကူအညီ လို မလို ေမးျမန္းခဲ့သည္။ ဦးခင္ၫြန္႔က သူ၏ ပင္စင္မ်ားႏွင့္ အျခား အက်ိဳးခံစားခြင့္မ်ားကို ျပန္ေပးရန္ေတာင္းသည္ဟု ဆိုသည္။ စစ္ေကာင္စီက ထိုေတာင္းဆိုမႈကို ျဖည့္ဆည္းေပးၿပီး ၂၀၀၄ ခုႏွစ္က ျဖဳတ္ခ်ခံရေသာ ထိုဗိုလ္ခ်ဳပ္ႀကီးကို က႐ုဏာေၾကး အမ်ားအျပားေပးခဲ့သည္ဟု ဆိုသည္။
ျမန္မာသို႔ ကိုဗစ္ ဒယ္လ္တာမ်ိဳးကြဲ ေရာက္လာေသာအခါ ၂၀၂၁ ခုႏွစ္ ႏွစ္လယ္က သူႏွင့္ သူ၏ဇနီးသည္ ရန္ကုန္႐ွိ ပုဂၢလိကေဆး႐ုံတ႐ုံတြင္ ကိုဗစ္ႏိုင္တင္း ကုသမႈခံယူရသည္။
“မိစၧာမင္းသား Prince of Evil” ဟု အမည္ရေသာ ဦးခင္ၫြန္႔သည္ ရာႏွင့္ေထာင္ႏွင့္ခ်ီေသာ ျမန္မာ့ဒီမိုကေရစီအေရး တက္ႂကြလႈပ္႐ွားသူမ်ားကို ေသေလာက္ေအာင္ စစ္ေဆးေမးျမန္း စီရင္ခဲ့ေသာေၾကာင့္ အမည္ဆိုးျဖင့္ ေက်ာ္ၾကားလာသူျဖစ္သည္။ အစိုးရႏွင့္ သေဘာထားကြဲလြဲသူ အမ်ားအျပားကို တႏိုင္ငံလုံး႐ွိ ေဝးကြာေသာေထာင္မ်ားတြင္ ဖမ္းဆီးထားခဲ့သူလည္း ျဖစ္သည္။ အျခား အေၾကာင္းရင္းမ်ားအျပင္ စနစ္တက် ေဆးဝါးကုသမႈ မေပးေသာေၾကာင့္ စစ္ေၾကာေရးတြင္ လူအမ်ားအျပား ေသဆုံးခဲ့သည္။
၁၉၈၈ ခုႏွစ္ စစ္အာဏာသိမ္းစဥ္က ဦးခင္ၫြန္႔သည္ စစ္အုပ္စုတြင္ တတိယ ဩဇာအႀကီးမားဆုံးသူျဖစ္ၿပီး ႏိုင္ငံေရး အတိုက္အခံမ်ားကို ဖိႏွိပ္သည့္ စစ္ယႏၲရားျဖစ္ေသာ ေထာက္လွမ္းေရးအႀကီးအကဲ ျဖစ္သည္။ ထိုစဥ္က စစ္အာဏာ႐ွင္ျဖစ္သူ ဦးသန္းေ႐ႊက ၂၀၀၄ ခုႏွစ္တြင္ ႐ွင္းလင္းဖယ္႐ွားသည္အထိ ဦးခင္ၫြန္႔သည္ ဝန္ႀကီးခ်ဳပ္အျဖစ္လည္း တႏွစ္ေက်ာ္ေက်ာ္ခန္႔ လုပ္ကိုင္ခဲ့သည္။ သူ႕ကို ေထာင္ဒဏ္ ၄၄ ႏွစ္ခ်ၿပီးေနာက္ ေနာင္တြင္ေနအိမ္၌ အက်ယ္ခ်ဳပ္ ဖမ္းဆီးထားခဲ့သည္။ ၂၀၁၁ ခုႏွစ္တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးေသာအခါ သူျပန္လြတ္လာသည္။
သူသည္ သူ၏ေ႐ႊေခတ္က တ႐ုတ္ႏွင့္နီးစပ္ၿပီး စစ္အုပ္စုႏိုင္ငံျခားေရး မူဝါဒကို အဓိက ခ်မွတ္သူ ျဖစ္သည္။ သူသည္ ‘၀’ အပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္မ်ားႏွင့္လည္း အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုၿပီး အေနာက္ႏိုင္ငံမ်ားႏွင့္ အေ႐ွ႕ေတာင္အာ႐ွ ႏိုင္ငံမ်ားအသင္း (အာဆီယံ) တို႔ကို ေက်နပ္ေစမည့္ ဆက္ဆံေရးမ်ားကို ၾကံစည္ရာတြင္လည္း စိတ္ဝင္စားသူျဖစ္သည္။
ယခုအႀကိမ္ အာဏာသိမ္း စစ္ေကာင္စီသည္ နယ္ပယ္အသီးသီးတြင္ အကူအညီ ေတာင္းရန္ ဦးခင္ၫြန္႔၏ အသက္ ၆၀ ေက်ာ္ ၇၀ အ႐ြယ္ေရာက္ေနေသာ လက္ေအာက္ငယ္သားေဟာင္းမ်ားကို ခ်ဥ္းကပ္ခဲ့ေၾကာင္း ေထာက္လွမ္းေရး အရာ႐ွိေဟာင္းမ်ားက ေျပာသည္။ ထိုအကူအညီမ်ားတြင္ ယခင္ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ အမတ္ေဟာင္း ေဘလ္ရစ္ခ်တ္ဆန္ကဲ့သို႔ေသာ ႏိုင္ငံတကာ အဆက္အသြယ္မ်ားႏွင့္ ဆက္ဆံေရးလည္း ပါဝင္သည္။ မစၥတာ ရစ္ခ်တ္ဆန္သည္ ႏိုဝင္ဘာလက ျမန္မာႏိုင္ငံသို႔ေရာက္လာၿပီး ဖမ္းဆီးခံ အေမရိကန္ သတင္းသမား ဒန္နီဖန္းစတား လြတ္ေျမာက္ေရးအတြက္ လုပ္ေဆာင္ခဲ့သည္။ အေမရိကန္ သံတမန္ေဟာင္း ရစ္ခ်တ္ဆန္သည္ ယခုစစ္ေကာင္စီ အၾကံေပးမ်ားႏွင့္သာမက ခင္ၫြန္႔၏ ေထာက္လွမ္းေရး အရာ႐ွိမ်ားႏွင့္ပါ အဆက္အသြယ္႐ွိသည္။
ဒုဗိုလ္မႉးႀကီး အဆင့္႐ွိခဲ့သည့္ ေငြထြန္းသည္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ႏွင့္အတူ စစ္တကၠသိုလ္တက္ခဲ့သူျဖစ္ၿပီး ေရတပ္တြင္ တာဝန္က်ကာ ၁၉၈၇ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၌ သင္တန္းတက္ၿပီးေနာက္ ေထာက္လွမ္းေရးတပ္သို႔ ေရာက္လာသည္။ သူသည္ ယခုအခါ စစ္ေကာင္စီအတြက္ အခ်ိန္ျပည့္ အၾကံေပးအျဖစ္ လုပ္ေဆာင္ေနသည္။
ဗိုလ္မႉးခ်ဳပ္ ဦးသိန္းေဆြသည္ ယခင္သမၼတေဟာင္း ဦးသိန္းစိန္ႏွင့္အတူ စစ္တကၠသိုလ္တက္ခဲ့ၿပီး စစ္ေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉး႐ုံး (DDSI) တြင္ တာဝန္က်ခဲ့သည္။ သူသည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္တြင္ စစ္သံမႉးလည္း လုပ္ခဲ့ၿပီး ဦးခင္ၫြန္႔၏ လက္႐ုံးတဦးလည္း ျဖစ္သည္။ သူသည္ သူ၏ေ႐ႊေခတ္က သူ၏သား ဆန္နီေဆြႏွင့္အတူ ျမန္မာတိုင္းမ္ သတင္းစာကို စီမံခဲ့သည္။ ဆန္နီေဆြသည္ ေနာင္တြင္ Frontier Myanmar မဂၢဇင္းကို ထုတ္ေဝၿပီး အမႈေဆာင္အရာ႐ွိခ်ဳပ္ လုပ္ေနသည္။
စစ္ေကာင္စီေခါင္းေဆာင္မ်ားသည္ ဦးခင္ၫြန္႔ႏွင့္ သူ၏ လက္ေအာက္ ငယ္သားေဟာင္းမ်ားကို ေက်းဇူးတင္ေနေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာသည္။ေနအိမ္တြင္ ဖမ္းဆီးခံရျခင္းမွ လြတ္လာၿပီးခ်ိန္မွ စတင္ၿပီး ဦးခင္ၫြန္႔သည္ သူ၏အမွတ္တရမ်ား အပါအဝင္ စာအုပ္အမ်ားအျပားကို ေရးသားသည္။ သူ၏အမွတ္တရမ်ားမွာ ေထာက္လွမ္းေရး အႀကီးအကဲႏွင့္ ဝန္ႀကီးခ်ဳပ္လုပ္စဥ္ သူ၏ လုပ္ရပ္မ်ားကို ကာကြယ္ေသာ စာအုပ္မ်ားျဖစ္သည္။
ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ဦးခင္ၫြန္႔၏အိမ္သို႔ မသြားမီ အာဏာသိမ္းေခါင္ေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္သည္ ကာကြယ္ေရး ဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ဦးတင္ဦးကိုလည္း ရန္ကုန္႐ွိ သူ၏အိမ္တြင္ သြားေရာက္ ေတြ႕ဆုံသည္။ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးတင္ဦးသည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ၁၉၈၈ ခုႏွစ္က အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကို တည္ေထာင္ခဲ့သည္။ သူသည္ ေထာင္ႏွင့္ေနအိမ္တြင္ ႏွစ္ေပါင္းမ်ားစြာ ဖမ္းဆီးခံခဲ့ဖူးသူလည္း ျဖစ္သည္။
unicode
မြန်မာနိုင်ငံတွင် တချိန်က ကြောက်စရာ အကောင်းဆုံးလူဖြစ်ခဲ့သော စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်သည် အယ်လ်ဇိုင်းမား (ဦးနှောက်လုပ်ဆောင်ပုံများ ချွတ်ယွင်းသည့်) ရောဂါ ခံစားနေရသောကြောင့် ဆေးကုသမှုခံယူနေကြောင်း သူ၏ မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်များအရ သိရသည်။
အသက် ၈၂ နှစ်ရှိပြီဖြစ်သော ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်သည် အယ်လ်ဇိုင်းမားရောဂါ ခံစားနေရကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်ရှိ သူ၏နေအိမ်သို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်သောအခါ အသိပေးခဲ့ကြောင်း သိရသည်။သက် ၈၂ နှစ်ရှိပြီဖြစ်သော ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်သည် အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်ရှိ သူ၏နေအိမ်သို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်သောအခါ အသိပေးခဲ့ကြောင်း သိရသည်။ ဦးခင်ညွန့်သည် သူ မည်သူနှင့် တွေ့ဆုံနေသည်ကို မသိကြောင်း သတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီက ထုတ်ပြန်သည့် ၎င်းတို့တွေ့ဆုံနေသည့် ဓာတ်ပုံတွင် တချိန်က မျက်နှာထားတင်းမာပြီး မောက်မာသော ထောက်လှမ်းရေး အကြီးအကဲဟောင်းသည် သိသိသာသာ အားအင်ချည့်နဲ့ဖျော့တော့နေသည်။
စစ်ကောင်စီအာဘော် သတင်းဌာနများက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုထောက်လှမ်းရေးအကြီးအကဲ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းပြီး လိုအပ်ပါက သူ့ကို စစ်ဆေးရုံများတွင် ကုသရန် ကမ်းလှမ်းကာ အခြားကိစ္စများအပြင် မြန်မာနိုင်ငံရေး အခြေအနေကိုလည်း အစီရင်ခံကြောင်း ဖော်ပြသည်။
လအတန်ကြာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်အောက်ငယ်သားများသည် ဦးခင်ညွန့်၏ နေအိမ်သို့ သွားရောက်ပြီး လက်ရှိ စစ်ကောင်စီထံမှ အကူအညီ လို မလို မေးမြန်းခဲ့သည်။ ဦးခင်ညွန့်က သူ၏ ပင်စင်များနှင့် အခြား အကျိုးခံစားခွင့်များကို ပြန်ပေးရန်တောင်းသည်ဟု ဆိုသည်။ စစ်ကောင်စီက ထိုတောင်းဆိုမှုကို ဖြည့်ဆည်းပေးပြီး ၂၀၀၄ ခုနှစ်က ဖြုတ်ချခံရသော ထိုဗိုလ်ချုပ်ကြီးကို ကရုဏာကြေး အများအပြားပေးခဲ့သည်ဟု ဆိုသည်။
မြန်မာသို့ ကိုဗစ် ဒယ်လ်တာမျိုးကွဲ ရောက်လာသောအခါ ၂၀၂၁ ခုနှစ် နှစ်လယ်က သူနှင့် သူ၏ဇနီးသည် ရန်ကုန်ရှိ ပုဂ္ဂလိကဆေးရုံတရုံတွင် ကိုဗစ်နိုင်တင်း ကုသမှုခံယူရသည်။
“မိစ္ဆာမင်းသား Prince of Evil” ဟု အမည်ရသော ဦးခင်ညွန့်သည် ရာနှင့်ထောင်နှင့်ချီသော မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေလောက်အောင် စစ်ဆေးမေးမြန်း စီရင်ခဲ့သောကြောင့် အမည်ဆိုးဖြင့် ကျော်ကြားလာသူဖြစ်သည်။ အစိုးရနှင့် သဘောထားကွဲလွဲသူ အများအပြားကို တနိုင်ငံလုံးရှိ ဝေးကွာသောထောင်များတွင် ဖမ်းဆီးထားခဲ့သူလည်း ဖြစ်သည်။ အခြား အကြောင်းရင်းများအပြင် စနစ်တကျ ဆေးဝါးကုသမှု မပေးသောကြောင့် စစ်ကြောရေးတွင် လူအများအပြား သေဆုံးခဲ့သည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းစဉ်က ဦးခင်ညွန့်သည် စစ်အုပ်စုတွင် တတိယ ဩဇာအကြီးမားဆုံးသူဖြစ်ပြီး နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်သည့် စစ်ယန္တရားဖြစ်သော ထောက်လှမ်းရေးအကြီးအကဲ ဖြစ်သည်။ ထိုစဉ်က စစ်အာဏာရှင်ဖြစ်သူ ဦးသန်းရွှေက ၂၀၀၄ ခုနှစ်တွင် ရှင်းလင်းဖယ်ရှားသည်အထိ ဦးခင်ညွန့်သည် ဝန်ကြီးချုပ်အဖြစ်လည်း တနှစ်ကျော်ကျော်ခန့် လုပ်ကိုင်ခဲ့သည်။ သူ့ကို ထောင်ဒဏ် ၄၄ နှစ်ချပြီးနောက် နောင်တွင်နေအိမ်၌ အကျယ်ချုပ် ဖမ်းဆီးထားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါ သူပြန်လွတ်လာသည်။
သူသည် သူ၏ရွှေခေတ်က တရုတ်နှင့်နီးစပ်ပြီး စစ်အုပ်စုနိုင်ငံခြားရေး မူဝါဒကို အဓိက ချမှတ်သူ ဖြစ်သည်။ သူသည် ‘၀’ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုပြီး အနောက်နိုင်ငံများနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့ကို ကျေနပ်စေမည့် ဆက်ဆံရေးများကို ကြံစည်ရာတွင်လည်း စိတ်ဝင်စားသူဖြစ်သည်။
ယခုအကြိမ် အာဏာသိမ်း စစ်ကောင်စီသည် နယ်ပယ်အသီးသီးတွင် အကူအညီ တောင်းရန် ဦးခင်ညွန့်၏ အသက် ၆၀ ကျော် ၇၀ အရွယ်ရောက်နေသော လက်အောက်ငယ်သားဟောင်းများကို ချဉ်းကပ်ခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိဟောင်းများက ပြောသည်။ ထိုအကူအညီများတွင် ယခင် အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်ကဲ့သို့သော နိုင်ငံတကာ အဆက်အသွယ်များနှင့် ဆက်ဆံရေးလည်း ပါဝင်သည်။ မစ္စတာ ရစ်ချတ်ဆန်သည် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ရောက်လာပြီး ဖမ်းဆီးခံ အမေရိကန် သတင်းသမား ဒန်နီဖန်းစတား လွတ်မြောက်ရေးအတွက် လုပ်ဆောင်ခဲ့သည်။ အမေရိကန် သံတမန်ဟောင်း ရစ်ချတ်ဆန်သည် ယခုစစ်ကောင်စီ အကြံပေးများနှင့်သာမက ခင်ညွန့်၏ ထောက်လှမ်းရေး အရာရှိများနှင့်ပါ အဆက်အသွယ်ရှိသည်။
ဒုဗိုလ်မှူးကြီး အဆင့်ရှိခဲ့သည့် ငွေထွန်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူဖြစ်ပြီး ရေတပ်တွင် တာဝန်ကျကာ ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သင်တန်းတက်ပြီးနောက် ထောက်လှမ်းရေးတပ်သို့ ရောက်လာသည်။ သူသည် ယခုအခါ စစ်ကောင်စီအတွက် အချိန်ပြည့် အကြံပေးအဖြစ် လုပ်ဆောင်နေသည်။
ဗိုလ်မှူးချုပ် ဦးသိန်းဆွေသည် ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့ပြီး စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (DDSI) တွင် တာဝန်ကျခဲ့သည်။ သူသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် စစ်သံမှူးလည်း လုပ်ခဲ့ပြီး ဦးခင်ညွန့်၏ လက်ရုံးတဦးလည်း ဖြစ်သည်။ သူသည် သူ၏ရွှေခေတ်က သူ၏သား ဆန်နီဆွေနှင့်အတူ မြန်မာတိုင်းမ် သတင်းစာကို စီမံခဲ့သည်။ ဆန်နီဆွေသည် နောင်တွင် Frontier Myanmar မဂ္ဂဇင်းကို ထုတ်ဝေပြီး အမှုဆောင်အရာရှိချုပ် လုပ်နေသည်။
စစ်ကောင်စီခေါင်းဆောင်များသည် ဦးခင်ညွန့်နှင့် သူ၏ လက်အောက် ငယ်သားဟောင်းများကို ကျေးဇူးတင်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။နေအိမ်တွင် ဖမ်းဆီးခံရခြင်းမှ လွတ်လာပြီးချိန်မှ စတင်ပြီး ဦးခင်ညွန့်သည် သူ၏အမှတ်တရများ အပါအဝင် စာအုပ်အများအပြားကို ရေးသားသည်။ သူ၏အမှတ်တရများမှာ ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ်လုပ်စဉ် သူ၏ လုပ်ရပ်များကို ကာကွယ်သော စာအုပ်များဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဦးခင်ညွန့်၏အိမ်သို့ မသွားမီ အာဏာသိမ်းခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဦးတင်ဦးကိုလည်း ရန်ကုန်ရှိ သူ၏အိမ်တွင် သွားရောက် တွေ့ဆုံသည်။ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တည်ထောင်ခဲ့သည်။ သူသည် ထောင်နှင့်နေအိမ်တွင် နှစ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ဖူးသူလည်း ဖြစ်သည်။