၂ မိနစ် အချိန်ပေးရုံ နဲ့ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေ မယ့် အကောင်း ဆုံး နည်းလမ်း
unicode
ပထမဆုံးအနေနဲ့ ခြေမထိပ်ကို လက်ညိုးနဲ့ စက်ပိုင်းပုံစံနှိပ်နယ်ပေးပါ။ ပြီးတော့ ခြေမကို လက်ညှိုးနဲ့ စက္ကန့်အနည်းငယ်ကြာအောင် ဖိထားပါ။အဆင့် ၂မှာ ခြေမကို လက်မနဲ့ နှိပ်နယ်ပေးရမှာပါ။ ခြေမအောက်ကနေ ခြေမအပေါ်အထိ ဖြည်းဖြည်းချင်း နှိပ်ပါ။ ပြီးရင်တော့ နောက်ခြေမတစ်ဖက်ကို ပြောင်းပြီးနှိပ်နယ်ပေးရမှာပါ။ခြေဖဝါးရဲ့အလယ်ကနေ အပေါ်ကို တဖြည်းဖြည်းချင်း နှိပ်နယ်ပေးသွားရမှာပါ။ ခြေဖဝါးအလယ်ကနေ ဘေးဘက်တွေကို လက်မနဲ့ တဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
ခြေဖဝါးရဲ့အလယ်ကို လက်မနဲ့ လက်ဝိုင်းပုံစံနှိပ် ပေးပြီး စက္ကန့်အနည်းငယ်ကြာအောင် လက်မနဲ့ ဖိထားပါ။ခြေမကနေ ခြေညှိုးအထိ တစ်ချောင်းချင်းစီကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ ခြေချောင်းတစ်ချောင်းနဲ့တစ်ချောင်းအကြားကိုလည်း နှိပ်နယ်ပေးလို့ရပါတယ်။ အတွင်းခြေမျက်စိနဲ့ အပေါ်ဘက် လက်လေးလုံးအကွာ၊ အရိုးရဲ့ဘေးဘက်ကို နှိပိနယ်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ဒီနေရာကို လုံးဝမနှိပ်သင့်ပါဘူး။ကြမ်းပြင်တစ်ခုအပေါ်မှာ ပက်လက်လှန်လိုက်ပြီး ဒူးကိုကွေးလိုက်ပါ။
ပြီးရင် ခြေချောင်းလေးတွေကို ဖြည်းဖြည်းချင်းချိုးပေးပါ။ ပြီးရင်တော့ နောက်ခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။ ဒီလေ့ကျင့်ခန်း တွေ လုပ်ပြီးရင်တော့ နှစ်နှစ်ခြိုက်ခြိုက် မြန်မြန်ဆန်ဆန် အိပ်ပျော်နိုင်ပါတယ်။ညဘက်မှာ အိပ်မပျော်ခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ လူအများစုက အိပ်ပျော်ဖို့အတွက် ဆေးတွေ သောက်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာ အိပ်ဆေးတွေ သောက်တာကလည်း မကောင်းပါဘူး ခြေထောက်ကို နှိပ်နယ်ပေးခြင်းက လည်း လျင်လျင်မြန်မြန် အိပ်ပျော်စေပါတယ်။