သ႐ုပ္ေဆာင္ရဲတိုက္ကို ယေန႔ (ဒီဇင္ဘာ ၁၅ ရက္) တြင္ ႐ုံးထုတ္စစ္ေဆးခဲ့ရာ တရား႐ုံးသို႔ေရာက္႐ွိစဥ္ေမ့လဲ စိုးရိမ္ရ

သ႐ုပ္ေဆာင္ရဲတိုက္ကို ယေန႔ (ဒီဇင္ဘာ ၁၅ ရက္) တြင္ ႐ုံးထုတ္စစ္ေဆးခဲ့ရာ တရား႐ုံးသို႔ေရာက္႐ွိစဥ္ေမ့လဲ၍ အင္းစိန္ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရေၾကာင္း သ႐ုပ္ေဆာင္ရဲတိုက္၏ အမႈလိုက္ေ႐ွ႕ေနျဖစ္သူ ဦးခင္ေမာင္ျမင့္က ေျပာသည္။” သ႐ုပ္ေဆာင္ရဲတိုက္က ႐ုံးထြက္ရင္း ႐ုံးမွာတင္ေမ့လဲသြားတယ္။ က်န္းမာေရးမေကာင္းလို႔ သတိမရလို႔ ဒီေန႔ ၁၂ နာရီေလာက္မွာ အင္းစိန္ေဆး႐ုံကိုပို႔လိုက္ရတယ္ အခုေတာ့ သတိျပန္ရလာၿပီလို႔ေျပာတယ္” ဟု ေ႐ွ႕ေန ဦးခင္ေမာင္ျမင့္ကစံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္သို႔ေျပာပါသည္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ဖမ္းဆီးခံထားရသည့္ သ႐ုပ္ေဆာင္ရဲတိုက္ကို ယေန႔(ဒီဇင္ဘာ ၁၅ ရက္) တြင္ လသာၿမိဳ႕နယ္၊ အထူးတရား႐ုံး၌ ႐ုံးထုတ္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

သ႐ုပ္ေဆာင္ရဲတိုက္သည္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (က) အျပင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆ (ဂ) ျဖင့္လည္း ဘုရင့္ေနာင္ရဲစခန္း၌ အမႈဖြင့္ခံထားရပါသည္အဆိုပါမူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၆ (ဂ) အမႈကိုစစ္ေဆးရန္ ဒီဇင္ဘာ ၂၃ ရက္သို႔ထပ္မံခ်ိန္းဆိုထားေၾကာင္းသိ႐ွိရပါသည္။

Credit – Original Writer

unicode

သရုပ်ဆောင်ရဲတိုက်ကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားရုံးသို့ရောက်ရှိစဉ်မေ့လဲ၍ အင်းစိန်ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သရုပ်ဆောင်ရဲတိုက်၏ အမှုလိုက်ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။” သရုပ်ဆောင်ရဲတိုက်က ရုံးထွက်ရင်း ရုံးမှာတင်မေ့လဲသွားတယ်။ ကျန်းမာရေးမကောင်းလို့ သတိမရလို့ ဒီနေ့ ၁၂ နာရီလောက်မှာ အင်းစိန်ဆေးရုံကိုပို့လိုက်ရတယ် အခုတော့ သတိပြန်ရလာပြီလို့ပြောတယ်” ဟု ရှေ့နေ ဦးခင်မောင်မြင့်ကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောပါသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် သရုပ်ဆောင်ရဲတိုက်ကို ယနေ့(ဒီဇင်ဘာ ၁၅ ရက်) တွင် လသာမြို့နယ်၊ အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့်လည်း ဘုရင့်နောင်ရဲစခန်း၌ အမှုဖွင့်ခံထားရပါသည်အဆိုပါမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ (ဂ) အမှုကိုစစ်ဆေးရန် ဒီဇင်ဘာ ၂၃ ရက်သို့ထပ်မံချိန်းဆိုထားကြောင်းသိရှိရပါသည်။

Credit – Original Writer

Add a Comment

Your email address will not be published. Required fields are marked *