အနုပညာအလုပ်တွေပြန်လုပ်တော့မယ့်ဆိုတာကို ဝေဖန်လာ တဲ့ ပရိတ်သတ်အား ပြင်းပြင်းထန်ထန်တုန့်ပြန်လိုက်တဲ့ ရဲလေး
|အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ ရဲလေးကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာအောင်မြင်မှုရရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ် နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ရဲလေးဟာ ဒီကနေ့မှာတော့ သူ့ရဲ့သီချင်းတွေကို ပုံမှန်အတိုင်းဆက်လက်ထုတ်လုပ်မှာဖြစ်ပြီး သူ့ကိုအားပေးကြတဲ့ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်တော့မယ့်အကြောင်းကို အသိပေးလာပါတယ်။
ဒါပေမယ့် အချို့ပရိသတ်တွေဟာ နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက လွတ်မြောက်နယ်မြေမှာရောက်ရှိနေပေမယ့် ရဲလေးကတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်တော့မယ့်အပေါ် ဝေဖန်ခဲ့ကြပါတယ်ပရိသတ်တစ်ယောက်က “ဂျင်းကောင်.. နှင်းဆီနီအဖွဲ့သားလို့မပြောရဘူး” ဆိုတဲ့ ကောမန့်ကို ရဲလေးက “ဒီနေရာ ဒီကမ္ဘာမှာ ကျွန်တော်နဲ့ရင်းနှီးမယ့်သူတွေ စုနေမှာပါ။ မိတ်ဆွေ ကျွန်တော် မလိုအပ်ရင် နောက်လည်းလာမမန့်ပါနဲ့။
Attections မလိုချင်ပါနဲ့။ မလိုအပ်ရင် တခြား Page သွားမန့်ပါ။ နောက်ဆိုရင် နားလည်မှုရှိတဲ့သူတွေပဲ ဒီနေရာမှာရှိကြမှာပါ။ Attection လာမရှာပါနဲ့” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ လွတ်မြောက်နယ်မြေမှာ ယခုတိုင်နေထိုင်နေပြီး ပြည်သူတွေနဲ့တသားတည်းရှိနေသလို အခြားနှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေးနဲ့ ထွန်းထွန်းတို့ကတော့ ဖေဖော်ဝါရီလအစပိုင်း ဆန္ဒပြမှုတွေမှာပဲပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်သူတွေရှေ့ကနေ လုံးဝပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။
Source: Ye’ Lay’s fb
Credit ; Myanmar Celebrities