Source: Thin Thin
unicode
လှုပ်ရှားမှုတိုင်းကို ချစ်တဲ့စိတ်နဲ့ ဗီဒီယိုရိုက်ပေးသူကြောင့် အပျော်တွေကိုဝေမျှလာတဲ့ သင်းသင်းဇော်ဂျီဖောင့်ဖြင့်လည်း အောက်တွင်ဖော်ပြပေးထားပါသည်.အလှမယ်သင်းသင်းလို့ဆိုလိုက်တာနဲ့ ပရိသတ်တွေလည်း သိပြီးသားဖြစ်ကြမှာပါနော်.. သူမကတော့ မင်းသားဝေဠုကျော်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်းမှာတော့ ဝေဖန်မှုတစ်ချို့ကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်…
မကြာခင်ကာလတုန်းကလည်း သင်းသင်းဦးဆောင်တဲ့ ပရိဟိတအဖွဲ့တစ်ခုနဲ့လည်းအဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီး သူမကိုယ်တိုင် စိတ်ညစ်မှုတွေနဲ့အတူ Live လွှင့်ပြီး ဖြေရှင်းလာခဲ့ပါသေးတယ် ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရမှာ့ လူတိုင်းဟာစီးပွားရေးတွေ ကျပ်တည်းကုန်ကြတာ ဖြစ်ပါတယ်နော်.. .. ကိုဗစ်ကြောင့်လည်း အောက်ဆီဂျင်လိုအပ်တဲ့နေရာတွေမှာလည်း သင်းသင်းကအောက်ဆီဂျင်တွေ ရှာပေးတဲ့ လုပ်အားဒါနတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ သင်းသင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို ဖေ့ဘုတ်စာမျက်နှာမှာ မတင်တော့ဘဲ Tiktok မှာပဲ တင်ပေးနေတာ ဖြစ်ပါတယ် ဒီနေ့မှာလည်း သင်းသင်းက သူမကို စိတ်ရှည်လက်ရှည်နဲ့ Tiktok တွေရိုက်ပေးနေတဲ့သူကြောင့် ကြည်နူးနေတဲ့ဗီဒီယိုလေးကို တင်လာခဲ့တာ ဖြစ်ပါတယ်နော်.. သူမ တင်ထားတဲ့ ဗီဒီယိုအောက်မှာတော့ နောက်ထပ်ချစ်သူ ရနေပြီလားဆိုတဲ့ မေးခွန်းတွေ မေးထားကြပေမဲ့ သင်းသင်းကတော့ ပြန်လည်မဖြေကြားပါဘူးနော်.
Source: Thin Thin