ပြန်ကြည့်မိတိုင်း အားငယ်ပြီး စိတ်ဒဏ်ရာတွေရခဲ့တဲ့ ဝေလာရီရဲ့ အင်တာဗျုး ဗီဒီယိုလေး

MRTV-4မင်းသမီးလေး ဝေလာရီကတော့ အဆိုတော်လိမ္မော်သီးရဲ့ ညီမလေးတစ်ယောက်ဖြစ်ပြီး ခုတော့အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရရှိနေသူလေး ဖြစ်ပါတယ်နော်…ဝေလာရီကတော့ သီချင်းတွေကိုလည်း သီဆိုတတ်သူဖြစ်ပြီး ကိုယ်ပိုင်အထည်ဆိုင်လေးကိုလည်း အောင်မြင်အောင်ရောင်းချနိုင်သူလေး ဖြစ်ပါတယ်နော်..

စကားပြောတဲ့နေရာမှာလည်း ချစ်စရာကောင်းတာကြောင့် ဝေလာရီကို အားပေးတဲ့ပရိသတ်တွေကလည်း အများအပြားပါပဲနော် ဒီနေ့လေးမှာတော့ ဝေလာရီက ” မနှစ်တုန်းက video လေး.. ခုတက်လာတော့လည်း ပြန်ကြည့်ရင်း ငိုမိတာပါပဲ..အဲ့ဒိတုန်းက အရမ်း အလုပ်များပြီး emotional ဖြစ်နေလို့ထင်ပါရဲ့.. ခုတော့ ကိုယ့်ကိုကိုယ် ပိုပြီး ကျေနပ်ယုံကြည်မှု ရှိလာပါပြီ.. ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်း ပိုတန်ဖိုးထားတတ်လာပါတယ်..

အဲ့ဒိ video အောက်က commentကြောင့် အများကြီး ပြောင်းလဲနိုင်ခဲ့ပါတယ်..🤍ချစ်တဲ့သူ နည်းနည်းပဲ ရှိရင်တောင် ပျော်ပါတယ်.. ဝေလာ ထပ်ကြိုးစားပါဦးမယ်” ဆိုပြီးရေးသားလာခဲ့တာ ဖြစ်ပါတယ်နော်..ကြည့်မိတိုင်းအားငယ်ပြီးခံစားနေရတဲ့ ဝေလာရီရဲ့ အင်တာဗျုး ဗီဒီယိုလေးကို ကြည့်ပြီး အားပေးစကား‌လေး ရေးပေးခဲ့ကြပါအုံးနော်။

Source: Wai Lar Ri လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *