မ်က္ရည္ေတြနဲ႔ ခင္း ခဲ့ တဲ့ ျပင္ဦးလြင္ ပြဲေကာက္ေရတံခြန္ မွန္တံတား
|အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရတဲ့ ေဈးသည္ေတြရဲ႕ မ်က္ရည္နဲ႔ ခင္းခဲ့တဲ့ ျပင္ဦးလြင္မွန္တံတား။ ျပင္ဦးလြင္မွန္တံတားနဲ႔ ပါတ္သတ္ၿပီးေတာ့ ႏိုင္ငံေရးေတြ အမွားပါမွာစိုးလို႔ မေျပာဘဲ ေနေနတာ သိခ်င္တဲ့ သူေတြက ေမးလို႔ေျပာျပပါမယ္။အရင္က ပြဲေကာက္႐ြာေလး ႐ွိတာ။ ဘယ္ေခတ္မွာ မွန္းမသိ စစ္တပ္ သိမ္းလိုက္ေတာ့တပ္ပိုင္ျဖစ္သြားတယ္ ဆိုပါေတာ့၊ အဲ့ခ်ိန္မွာ ႐ြာသားေတြကို အခြန္ေကာက္ၿပီးေတာ့ ေဈးေရာင္းခြင့္ေပးတယ္။ ရတဲ့အခြန္ေတြကို ေရတံခြန္ စည္ပင္ဖို႔ ဘယ္ေနရာမွ မသုံးဘူး။ လမ္းေၾကးလဲ စစ္တပ္ကဘဲ ရတယ္။အဲ့မွာေဈးေရာင္းတဲ့ ႐ြာသားေတြက ကိုယ္ထူကိုယ္ထ လမ္းခင္းရတာ။ တံတားက်ိဳးေတာ့လဲ ကိုယ္ထူကိုယ္ထစုေပါင္းၿပီး ခင္းရတယ္။
တခ်ိဳ႕ အိမ္မ႐ွိဖူး ေဈးဆိုင္မွာဘဲ အိပ္ၾကတယ္ဗ်။ကိုဗစ္လဲျဖစ္ေရာ ပါမစ္နဲ႔ေနရာကို ေရာင္းစားလိုက္တယ္..ဘယ္သူ႕ေရာင္းလိုက္လဲ ဆိုတာေတာ့ အားလုံးသိၾကမွာပါ။ ကိုဗစ္ျဖစ္တာ အေၾကာင္းျပၿပီးေတာ့ ဧည့္သည္ေတြ ဝင္ခြင့္ေပးလိုက္ မေပးလိုက္ စိတ္ကူးေပါက္သလို တပ္ဂိတ္ကဘဲ စီမံတယ္။အစကေဈးသည္ေတြကို ေနရာေ႐ြ႕ေပး ပိုက္ဆံေပးမယ္ဆိုညႇိတယ္။ ႏိုင္ငံေရး ျဖစ္ၿပီးတဲ့ ေနာက္ေတာ့ လွည့္ကိုမၾကည့္ေတာ့တာ။တစ္ျပားမွ မေပးတဲ့အျပင္ကို ဆိုင္ေတြကိုလဲ ရက္တိုနဲ႔ ဖ်က္ခိုင္းတယ္။ ႐ြာနဲ႔ ေရတံခြန္ဆိုတာကပ္ရပ္ ေရာက္ဖူးတဲ့သူေတြ သိမွာပါ။ ေရတံခြန္ လမ္းဆုံးသြားရင္႐ြာဘဲ။ေဈးသည္ေတာ္ေတာ္မ်ားမ်ားကဆိုင္ခန္းနဲ႔ ႐ြာထဲေနၾကတာ မ်ားတယ္။ဆိုင္ခန္းေတြ ဖ်က္ခိုင္းၿပီးေတာ့ ေနာက္ေပါက္ကိုပိတ္တယ္။
ပစၥည္းေလးေတြ ႐ြာထဲထားခ်င္တယ္ ဆိုတာေတာင္ ကိုယ္ခ်င္းစာစိတ္နဲ႔ ဖြင့္မေပးဘူး။ေ႐ွ႕ဂိတ္ေပါက္ကေန လမ္းသစ္အတိုင္း တစ္ပါတ္ႀကီးသယ္ရတယ္။ သနားၾကင္နာမႈ ၊ ညႇာတာမႈ ၊ လူ႕အခြင့္အေရးဆိုတာ ဘာဆိုဘာမွ ျပန္ရခဲ့တာ မ႐ွိ။အဲ့လိုေျပာလို႔ ေဈးေရာင္းခိုင္းတာဘဲ ေက်းဇူးတင္အုံးလို႔ လာေျပာရင္ ဝဠ္မွာအၿမဲ ငရဲမွာ အပဆိုတဲ့ ဗုဒၶစကားေလးဘဲ ႏွလုံးသြင္းမယ္။အဲ့မွန္တံတားေၾကာင့္ဘဲ ဘဝပ်က္ခဲ့ရတဲ့ ေဈးသယ္ေတြ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရတဲ့ ေဈးသည္ေတြ ေနရာမွာ တပ္မိသားစုေတြ အစားထိုး ေရာင္းခ်ေပးေနပါတယ္။
ေနသာသလိုသာ ေနၾကပါ။မ်က္ရည္ေတြနဲ႔ ခင္းထားတဲ့ လမ္းမို႔သြားခ်င္သူေတြလဲ ေအာ္..နင့္စိတ္က ဒီလိုလားလို႔ ေတြးယုံကလြဲၿပီးေတာ့ ဘာမွေျပာမွာလဲ မဟုတ္ပါဘူး။ ငါတို႔မွမသိတာလို႔ မျဖစ္ရေလေအာင္ အားလုံးဒီအျဖစ္မွန္ကို သိၾကေစခ်င္လို႔ေျပာျပတာပါ။ပြဲေကာက္ေရတံခြန္ေရာက္တဲ့အခ်ိန္ မက္မန္းသီးေလး ျမည္းခဲ့ရတာ ဝိုင္ေလးျမည္းခဲ့ရတာ သတိရရင္ အဲ့ေဈးသည္ေတြ ခုခ်ိန္ဘယ္ေရာက္ေနလဲ ဘာေတြ ျဖစ္ေနလဲ သတိရေပးရင္ကို ေက်နပ္ပါၿပီဗ်ာ။credit
unicode
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဈေးသည်တွေရဲ့ မျက်ရည်နဲ့ ခင်းခဲ့တဲ့ ပြင်ဦးလွင်မှန်တံတား။ ပြင်ဦးလွင်မှန်တံတားနဲ့ ပါတ်သတ်ပြီးတော့ နိုင်ငံရေးတွေ အမှားပါမှာစိုးလို့ မပြောဘဲ နေနေတာ သိချင်တဲ့ သူတွေက မေးလို့ပြောပြပါမယ်။အရင်က ပွဲကောက်ရွာလေး ရှိတာ။ ဘယ်ခေတ်မှာ မှန်းမသိ စစ်တပ် သိမ်းလိုက်တော့တပ်ပိုင်ဖြစ်သွားတယ် ဆိုပါတော့၊ အဲ့ချိန်မှာ ရွာသားတွေကို အခွန်ကောက်ပြီးတော့ ဈေးရောင်းခွင့်ပေးတယ်။ ရတဲ့အခွန်တွေကို ရေတံခွန် စည်ပင်ဖို့ ဘယ်နေရာမှ မသုံးဘူး။ လမ်းကြေးလဲ စစ်တပ်ကဘဲ ရတယ်။အဲ့မှာဈေးရောင်းတဲ့ ရွာသားတွေက ကိုယ်ထူကိုယ်ထ လမ်းခင်းရတာ။ တံတားကျိုးတော့လဲ ကိုယ်ထူကိုယ်ထစုပေါင်းပြီး ခင်းရတယ်။
တချို့ အိမ်မရှိဖူး ဈေးဆိုင်မှာဘဲ အိပ်ကြတယ်ဗျ။ကိုဗစ်လဲဖြစ်ရော ပါမစ်နဲ့နေရာကို ရောင်းစားလိုက်တယ်..ဘယ်သူ့ရောင်းလိုက်လဲ ဆိုတာတော့ အားလုံးသိကြမှာပါ။ ကိုဗစ်ဖြစ်တာ အကြောင်းပြပြီးတော့ ဧည့်သည်တွေ ဝင်ခွင့်ပေးလိုက် မပေးလိုက် စိတ်ကူးပေါက်သလို တပ်ဂိတ်ကဘဲ စီမံတယ်။အစကဈေးသည်တွေကို နေရာရွေ့ပေး ပိုက်ဆံပေးမယ်ဆိုညှိတယ်။ နိုင်ငံရေး ဖြစ်ပြီးတဲ့ နောက်တော့ လှည့်ကိုမကြည့်တော့တာ။တစ်ပြားမှ မပေးတဲ့အပြင်ကို ဆိုင်တွေကိုလဲ ရက်တိုနဲ့ ဖျက်ခိုင်းတယ်။ ရွာနဲ့ ရေတံခွန်ဆိုတာကပ်ရပ် ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ရေတံခွန် လမ်းဆုံးသွားရင်ရွာဘဲ။ဈေးသည်တော်တော်များများကဆိုင်ခန်းနဲ့ ရွာထဲနေကြတာ များတယ်။ဆိုင်ခန်းတွေ ဖျက်ခိုင်းပြီးတော့ နောက်ပေါက်ကိုပိတ်တယ်။
ပစ္စည်းလေးတွေ ရွာထဲထားချင်တယ် ဆိုတာတောင် ကိုယ်ချင်းစာစိတ်နဲ့ ဖွင့်မပေးဘူး။ရှေ့ဂိတ်ပေါက်ကနေ လမ်းသစ်အတိုင်း တစ်ပါတ်ကြီးသယ်ရတယ်။ သနားကြင်နာမှု ၊ ညှာတာမှု ၊ လူ့အခွင့်အရေးဆိုတာ ဘာဆိုဘာမှ ပြန်ရခဲ့တာ မရှိ။အဲ့လိုပြောလို့ ဈေးရောင်းခိုင်းတာဘဲ ကျေးဇူးတင်အုံးလို့ လာပြောရင် ဝဠ်မှာအမြဲ ငရဲမှာ အပဆိုတဲ့ ဗုဒ္ဓစကားလေးဘဲ နှလုံးသွင်းမယ်။အဲ့မှန်တံတားကြောင့်ဘဲ ဘဝပျက်ခဲ့ရတဲ့ ဈေးသယ်တွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဈေးသည်တွေ နေရာမှာ တပ်မိသားစုတွေ အစားထိုး ရောင်းချပေးနေပါတယ်။
နေသာသလိုသာ နေကြပါ။မျက်ရည်တွေနဲ့ ခင်းထားတဲ့ လမ်းမို့သွားချင်သူတွေလဲ အော်..နင့်စိတ်က ဒီလိုလားလို့ တွေးယုံကလွဲပြီးတော့ ဘာမှပြောမှာလဲ မဟုတ်ပါဘူး။ ငါတို့မှမသိတာလို့ မဖြစ်ရလေအောင် အားလုံးဒီအဖြစ်မှန်ကို သိကြစေချင်လို့ပြောပြတာပါ။ပွဲကောက်ရေတံခွန်ရောက်တဲ့အချိန် မက်မန်းသီးလေး မြည်းခဲ့ရတာ ဝိုင်လေးမြည်းခဲ့ရတာ သတိရရင် အဲ့ဈေးသည်တွေ ခုချိန်ဘယ်ရောက်နေလဲ ဘာတွေ ဖြစ်နေလဲ သတိရပေးရင်ကို ကျေနပ်ပါပြီဗျာ။credit