




Crd

unicode

ဘယ်လောက်တောင် ခံစားနေရမလဲတော်တော်စိုးရိမ်နေရှာမယ်ဆိုတာ တွေးပြီး ကိုယ်ချင်းစာမိတယ်”တစ်ခုခုများ ဖြစ်သွားပြီလား””ဖွဟဲ့ ဘာမှမဖြစ်ပါစေနဲ့””အသက်ရှင်လျက် ပြန်လာနိုင်ပါစေ” စသဖြင့် စိုးရိမ်စိတ်တွေနဲ့ ဆုတောင်းနေရုံမှတစ်ပါး ဘာမှမတက်နိုင်ရှာဘူး

ဒါတောင် အဖြစ်မှန် မသိရသေဘူး စိုးရိမ်စိတ်နဲ့ ပူလောင်နေရပီအခုချိန် အမှန်တိုင်းသိရရင်တောင် ကိုယ်ယောက်ျားရဲ့အလောင်းတောင် ပြန်မြင်ရဖို့ မသေချာဘူးဘယ်လောက်တောင် ထိခိုက်ခံစားနေရမလဲသားသမီးရှိတဲ့ ဇနီးသည်တစ်ယောက်ဆိုရင် အခုလိုအဖြစ်ဆိုးမျိုး ဘယ်လိုရင်ဆိုင်မလဲကလေးတွေနဲ့ ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့ အတွေးတွေနဲ့ အဲ့ဒီကာယကံရှင်ကိုယ်စား ပူလောင်လွန်းလှပါတယ်အဲ့ဒါကြောင့် တပ်တွင်းမှာ ရှိနေသေးတဲ့ ရဲမေမိသားစုတွေအနေနဲ့ အခုလိုအဖြစ်ဆိုးမျိုးကနေ ကင်းလွတ်နိုင်အောင် ကိုယ့်

သား ကိုယ့်ယောက်ျားကို ပြည်သူဘက်ရပ်တည်နိုင်ဖို့ နားချစည်းရုံးနိုင်ပါစေစစ်သည်အဆင့်အတန်းအားလုံးလဲ အခုလိုအခြေအနေမှာ အာဏာရှင်က အရေးကြီးသလားကိုယ့်မိသားစုက အရေးကြီးသလား ခွဲခြားဆုံးဖြတ်နိုင်ပါစေတစ်ကယ်ကို ပြည်သူဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပြီးရင် ထိုက်တန်တဲ့ နွေးထွေးမှု လူသားဆန်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အစည်းတောင် အဖမ်းခံရတဲ့ စစ်သားတွေကို ဘယ်လိုဆက်ဆံပေးလဲဆိုတာ အတိုင်းသားမြင်တွေ့နိုင်ပါတယ်။

ပြည်သူဘက်ရပ်တည်တဲ့ စစ်သားတိုင်းအတွက် ပြည်သူကအမြဲရှိပေးနေတယ်ဆိုတာ တိုက်တွန်းလိုက်ပါရစေ။ပြည်သူနဲ့အမြန်ပူးပေါင်းဖို့ အကူအညီတခုခုလိုအပ်တဲ့အခါ ညီအမတယောက်လို ပြည်သူ့စစ်သား ဇနီးများ ကို အကူအညီတောင်းခံနိုင်ပါတယ်။

Crd

Add a Comment

Your email address will not be published. Required fields are marked *