အမိုက်စား ဖက်ရှင်လေးနဲ့ အလှတွေကို ပေါ်လွင်အောင် ရိုက်ထားတဲ့ပုံလေးတွေ ကိုတင်ပေးလာတဲ့ အလှမယ် သူဇာဝင့်လွင် ရဲ့ ပုံရိပ် များ
|အလှမယ် သူဇာဝင့်လွင်က Miss Universe Myanmar 2020 ရဲ့ Winner ဆုကို ထိုက်ထိုက် တန်တန် ရရှိထားသူ ဖြစ်ပြီး သရုပ်ဆောင်၊အဆိုတော် မေရဲ့တစ်ဦးတည်းသော ညီမလေးလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ (၆၉)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို Miami မှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ဆိုရင်လည်း ပြည်သူတွေဘက်ကနေ အစွမ်းကုန်ပါဝင် လှုပ်ရှားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပြည်သူတွေနဲ့ တစ်သား တည်း ရပ်တည်နေတုန်း ဖြစ်ပါတယ်။ အလှမယ် သူဇာဝင့်လွင်ဟာ Miss Universe 2021 ပြိုင်ပွဲ အပြီး မြန်မာပြည် ပြန်လာလို့ မရတာကြောင့် အမေရိကန်နိုင်ငံမှာ ဆက်လက် နေထိုင်ခဲ့ပါတယ်။
အခုလက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ မော်ဒယ်အဖြစ် လုပ်ဆောင်နေပါတယ်။ သူမဟာ facebook စာမျက်နှာမှာ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်များအကြောင်း မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ မနေ့ကတော့ လန်ဒန်ရောက် မြန်မာများ ကျင်းပတဲ့ မြန်မာ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပွဲကို တက်ရောက်ခဲ့ပါတယ်ဆိုပြီး သူမရဲ့ ပုံများနှင့်တကွ ရေးသားဖော်ပြခဲ့ပါတယ်။
Miss Universe ပြိုင်ပွဲ မစခင်နှင့် ပြိုင်ပွဲ အတွင်းမှာရော မြန်မာ့အရေးကို ဖော်ပြခဲ့တဲ့အတွက် ပရိသတ်များက သူမကို ချစ်ခင်အားပေးနေတာပါ။ ပရိသတ်ချစ်တဲ့ သူဇာ့ရဲ့ အလှဓာတ်ပုံလေးများကို ဖော်ပြလိုက်ပါတယ်။
crd