တစ်တောဝင် တစ်တောင် ထွက် နဲ့ ကြိုးစားနိုင်သမျှ ကြိုးစားနေပါတယ် ဆိုတဲ့ ပြည်သူ့ရဲဘော် လူရွှင်တော် တိုင်းကျော်
crd
unicode
နိုင်ငံကျော် ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေပြီး အာဏာရူးတွေဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ပြည်သူတွေထဲက ပြည်သူပဲဖြစ်တဲ့ ဟားငါးကောင်အဖွဲ့က တောထဲတောင်ထဲမှာနေထိုင်ရင်း ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရောက်ရှိဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ဟားငါးကောင်အဖွဲ့အတွက် စိုးရိမ်ပူပန်နေကြလျက်ရှိပြီး ဟားငါးကောင်အဖွဲ့ကလည်း သူတို့ရဲ့ လှုပ်ရှားကြိုးစားနေမှုနဲ့ ပက်သတ်ပြီး မကြာခဏဆိုသလို အသိပေးနေလျက်ရှိပါတယ်ဒီကနေ့မှာလည်း ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော်တိုင်းကျော်က “ကျွန်တော် တို့ ကြိုးစားနိုင်သမျှ ကြိုးစားနေတယ် ၊ တတောဝင် တတောင်ထွက် ၊ ခရီးဆက်လျှက်ပါဘဲ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော်တိုင်းကျော်နဲ့တကွ ပြည်သူ့တပ်သားအားလုံးကတော့ နိုင်ငံတော်အာဏာကို မတရားလုယူထားတဲ့ စစ်ကောင်စီကို တော်လှန်ဖို့ အသက်ပါပေးပြီး ကြိုးစားနေကြတာပဲဖြစ်ပါတယ်။