မိတ္ထီလာမြို့တွင် ဆိုင် ကယ် ကယ်ရီသမားများအား ဘောလုံးသမားများ ကဲ့ သို့ ကျောနံပါတ် တပ်ဆင်သွားမည်ဟုဆို
unicode
မိတ္ထီလာမြို့တွင် ကယ်ရီပြေးဆွဲနေကြသော ကယ်ရီသမားများအတွက် အင်္ကျီအား အစိမ်းနုရောင်အဖြစ်သတ်မှတ်ပေးခဲ့ပြီး ကယ်ရီသမားများ၏ ကိုယ်ရေးအချက်အလက် ပါဝင်သည့် လည်ဆွဲကဒ်များ
ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ထိုမှတစ်ဆင့်- (၁) မိတ္ထီလာကန်အရှေ့ဘက်ခြမ်းအား ကျောနံပါတ် အဖြူရောင်၊ (၂) မိတ္ထီလာကန်အနောက်ဘက်ခြမ်းအား ကျောနံပါတ် အပြာရောင်(၃) စက်မှုဇုန်ဂိတ်အား ကျောနံပါတ် အဝါရောင်၊ (၄) တောမဂိတ်အား ကျောနံပါတ် အနက်ရောင်၊ (၅) သီးကုန်းဂိတ်အား ကျောနံပါတ် ခရမ်းရောင် တို့ အသီးသီးခွဲခြား သတ်မှတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။ (ထီလာဆား)
အလားတူ မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်တစ်စီးပေါ်တွင် အမျိုးသားနှစ်ဦး စီးနင်းခွင့်ရှိမည့် မြန်မာပြည်၏ ပထမဆုံး ဆိုင်ကယ်ကယ်ရီအသင်းကို နိုဝင်ဘာ ၂၉ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆိုင်ကယ်ကယ်ရီအသင်းဝင်သူ တစ်ဦးလျှင် အသင်းဝင်ကြေး ၁၀,၀၀၀ကျပ် ပေးဆောင်ရကာ လစဉ်ကြေးအနေဖြင့် တစ်လ ၅၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။
လေးစားစွာဖြင့် ခရက်ဒစ်