စ.စ်ရှောင်ပြည်သူတွေနဲ့ တစ်နိုင်ငံလုံး ဒု.က္ခရောက်နေတာတောင် အလှပုံအတင်မပျ.က်တာကြောင့် ဝေဖန်ခံနေရတဲ့ နန်းဆုရတီစိုး
|သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို သီချင်းတွေကိုလည်း သီဆိုတဲ့ နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်စုကျော်လာခဲ့ပြီဖြစ်ပြီးအားပေးသူပရိသတ်အများအပြားကို ရရှိနေတာပဲဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးတဲ့ နန်းဆုရတီစိုးက အနုပညာအလုပ်တွေလုပ်နေရင်းနဲ့သာတစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်နေဆဲပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့အချစ်တွေရရှိထားတဲ့ နန်းဆုရတီစိုးဟာ ဒီတစ်ခါမှာတော့ ဝေဖန်မှုတွေကို ပြ.င်းပြင်းထ.န်ထ.န်ရရှိနေတာပဲဖြစ်ပါတယ်။အကြောင်းကတော့ နန်းဆုရတီစိုးဟာ လေးကေ့ကော်က စ.စ်ဘေးရှောင်ပြည်သူတွေနဲ့ စကစရဲ့ယ.ုတ်မာမှုကြောင့် တစ်နိုင်ငံလုံးက အခက်အခဲဒု.က္ခတွေရင်ဆိုင်နေရတဲ့အချိန်မှာ Christmas အမှတ်တရဆိုပြီးအလှဓာတ်ပုံတွေအများကြီးတင်လာခဲ့လို့ပဲဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေနဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ Christmas နေ့မှာ ခရစ်ယာန်ဘာသာဝင်တွေကတော့ သူတို့ရဲ့ပွဲအခမ်းအနားကိုတိတ်ဆိတ်စွာဖြတ်သန်းခဲ့ပေမယ့် တိုင်းသိပြည်သိမင်းသမီးကတော့ အခုလို အလှဓာတ်ပုံအတင်မပျ.က်တာကြောင့် ဝေဖန်မှုတွေရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
လေးစားစွာဖြင့် ခရက်ဒစ်