ဒါဒါကို အ လို လိုက်ပြီး ဘယ်လောက်ချစ်တယ်ဆိုတာကို သက်သေပြလာတဲ့ စိုးသူ

မြန်မာ့ရုပ်ရှင်လောကမှာ စိုးညီအစ်မတွေလို့‌ ပြောလိုက်တာနဲ့ မသိသူမရှိရလောက်အောင် အောင်မြင်မှုတွေကို ယူထားနိုင်ကြသူတွေ ဖြစ်ပါတယ်နော်သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ အနုပညာလောကကနေ အနားယူပြီးနောက်ပိုင်း ညီအစ်မတွေနဲ့အတူ ”မင်းသမီး” ပိုးထည်တိုက်ကိုတည်ထောင်ထားတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတစ်ချို့ကိုတော့တစ်ခါတစ်ရံ ဝေမျှပေးနေတာလည်းဖြစ်ပါတယ်။

ဒါဒါကတော့ လက်ရှိမှာ သူမရဲ့ ချစ်ခင်ပွန်း စိုးသူနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ လမ်းခွဲပြီးနောက်ပိုင်း သားလေးကို သူမတစ်ဦးတည်းသာထိန်းသိမ်းစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ စိုးသူကတော့ ဒါဒါနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကိုလည်း တစ်ခါတစ်ရံမှသာ ဝေမျှပေးလေ့ရှိတာ ဖြစ်ပါတယ်။ မကြာသေးခင်က စိုးမြတ်နန္ဒာရဲ့ ဖေ့ဘုတ် Story မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအဖြစ်သိန်း(၂၀)ကျော်တန်တဲ့ နောက်ဆုံးပေါ်အိုင်ဖုန်းကို ချစ်ဇနီးလေးအတွက် ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ” Anniversary Present From Ba Soe “ ဆိုပြီး စိုးမြတ်နန္ဒာမှ ရေးသားထားတာ ဖြစ်ပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *