ေနာင္တရေစမယ့္ လုပ္ရပ္ေတြ ကို ဘယ္ေတာ့မွ မလုပ္ဘူး ဆို တဲ့ အဆိုေတာ္ ဟန္ေနတာ

အသံပါဝါေကာင္းေကာင္းကို ပိုင္ဆိုင္ထားၿပီးေတာ့ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းစြဲ အဆိုေတာ္တစ္ဦးျဖစ္တဲ့ ဟန္ေနတာ ကိုေတာ့ ေရာ့ခ္ဂီတကိုခ်စ္တဲ့ ပရိသတ္တိုင္း သိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။ ဟန္ေနတာ ဟာ ေတးသီခ်င္းေကာင္းေတြကို ကိုယ္တိုင္ဖန္တီးသီဆိုႏိုင္တဲ့ အရည္အခ်င္းရွိတဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕နာမည္အႀကီးဆုံးသီခ်င္းျဖစ္တဲ့ ” မိုးမခအိမ္မက္ ခရမ္းျပာ ” ဆိုတဲ့ သီခ်င္းနဲ႔ ပရိသတ္ေတြရဲ႕ ရင္ထဲကိုေရာက္ရွိခဲ့ၿပီး ေနာက္ပိုင္းမွာထြက္ရွိတဲ့ သီခ်င္းေတြကလဲ အရမ္းကို နာမည္ႀကီးခဲ့ပါတယ္။ ဟန္ေနတာ ကေတာ့ လက္ရွိမွာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြနဲ႔ ပတ္သတ္ၿပီး သူ႔ရဲ႕လႈပ္ရွားမႈ႕ေတြကို အခုလိုပဲေရးသားလာခဲ့ပါတယ္။

အဆိုေတာ္ ဟန္ေနတာ ဟာ အရင္ကျပည္သူေတြနဲ႔အတူတူ လမ္းမေပၚထြက္ ဆႏၵေတြထုတ္ေဖာ္ခဲ့ေပမယ့္ လက္ရွိမွာလႈပ္ရွားမႈ႕ေတြနည္းေနတာေၾကာင့္ အခ်ိဳ႕ပရိသတ္ေတြရဲ႕ ေဝဖန္မႈ႕ကိုခံေနရပါတယ္။ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ” ကိုယ္ပိုင္ခံစားခ်က္ေတြကို SOCIAL MEDIA ေပၚ ထုတ္ေဖာ္ေျပာေလ့မရွိပါဘူး။ ဒီ COUP ကာလမွာ တခါမွႀကဳံေတြ႕ရလိမ့္မယ္လို႔ မထင္ထားခဲ့တဲ့ ဒုကၡေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့အခ်ိန္မွာလဲ ေျပာမထြက္ခဲ့ဘူး။ တခ်ိဳ႕လုပ္ရပ္ေတြက သက္ေသျပဖို႔ မလိုအပ္ဘူး။ ဒါေပမယ့္ ေနာင္တရမယ့္ လိပ္ျပာမလုံေစမယ့္ လုပ္ရပ္ေတြလဲ ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးဘူး။” လို႔ ဟန္ေနတာ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ပရိသတ္ေတြကို အသိေပးေရးသားထားတာကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ပရိသတ္ႀကီးေရ အဆိုေတာ္ ဟန္ေနတာ ဟာ ယခင္ကတည္းက လူမႈ႕ကြန္ယက္အသုံးနည္းသူတစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔ရဲ႕ကိုယ္ပိုင္ခံစားခ်က္ေတြ နဲ႔ ဓာတ္ပုံေတြကိုေဖာ္ျပေလ့မရွိတာကို ပရိသတ္ႀကီးလဲ နားလည္လက္ခံမယ္လို႔ ထင္ပါတယ္ေနာ္။ vဒီအေၾကာင္းအရာနဲ႔ပတ္သတ္ၿပီး ေဝဖန္ခ်င္တာပဲျဖစ္ျဖစ္၊ သေဘာက်လက္ခံရင္ ေကာမန႔္မွာတစ္ခုခု ေရးသားသြားခဲ့ပါအုန္း။

unicode

အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်တစ်ဦးဖြစ်တဲ့ ဟန်နေတာ ကိုတော့ ရော့ခ်ဂီတကိုချစ်တဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။ ဟန်နေတာ ဟာ တေးသီချင်းကောင်းတွေကို ကိုယ်တိုင်ဖန်တီးသီဆိုနိုင်တဲ့ အရည်အချင်းရှိတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့နာမည်အကြီးဆုံးသီချင်းဖြစ်တဲ့ ” မိုးမခအိမ်မက် ခရမ်းပြာ ” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာထွက်ရှိတဲ့ သီချင်းတွေကလဲ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ ဟန်နေတာ ကတော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး သူ့ရဲ့လှုပ်ရှားမှု့တွေကို အခုလိုပဲရေးသားလာခဲ့ပါတယ်။

အဆိုတော် ဟန်နေတာ ဟာ အရင်ကပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက် ဆန္ဒတွေထုတ်ဖော်ခဲ့ပေမယ့် လက်ရှိမှာလှုပ်ရှားမှု့တွေနည်းနေတာကြောင့် အချို့ပရိသတ်တွေရဲ့ ဝေဖန်မှု့ကိုခံနေရပါတယ်။ဒီအကြောင်းနဲ့ပတ်သတ်ပြီး ” ကိုယ်ပိုင်ခံစားချက်တွေကို SOCIAL MEDIA ပေါ် ထုတ်ဖော်ပြောလေ့မရှိပါဘူး။ ဒီ COUP ကာလမှာ တခါမှကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့တဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာလဲ ပြောမထွက်ခဲ့ဘူး။ တချို့လုပ်ရပ်တွေက သက်သေပြဖို့ မလိုအပ်ဘူး။ ဒါပေမယ့် နောင်တရမယ့် လိပ်ပြာမလုံစေမယ့် လုပ်ရပ်တွေလဲ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။” လို့ ဟန်နေတာ ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေကို အသိပေးရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် ဟန်နေတာ ဟာ ယခင်ကတည်းက လူမှု့ကွန်ယက်အသုံးနည်းသူတစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေ နဲ့ ဓာတ်ပုံတွေကိုဖော်ပြလေ့မရှိတာကို ပရိသတ်ကြီးလဲ နားလည်လက်ခံမယ်လို့ ထင်ပါတယ်နော်။ vဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဝေဖန်ချင်တာပဲဖြစ်ဖြစ်၊ သဘောကျလက်ခံရင် ကောမန့်မှာတစ်ခုခု ရေးသားသွားခဲ့ပါအုန်း။

Add a Comment

Your email address will not be published. Required fields are marked *