ကုလသမဂ္ဂ ကို စိတ်နာစွာဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းထုတ်ပြောလာ တဲ့ မင်းအောင်လှိုင်





unicode

နေပြည်တော်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးခန်းကို ဆက်လက်ထားရှိရန် ခွင့်မပြုကြောင်းစစ်ကောင်စီ ဆုံးဖြတ်ကုလသမဂ္ဂ အထွေအထွေအတွေးရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်Ms. Christine Schraner Burgener ၏ရုံးခန်းကို နေပြည်တော်တွင် ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့တွင် စတင်ဖွင့်လစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချက်ချမှတ်သည့်

အဆိုဆုံးဖြတ်ချက်များမှထွက်ပေါ်လာသည့် လုပ်ပိုင်ခွင့်များကို အစဉ်တစ်စိုက်ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် Ms. Christine Schraner Burgener နှင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၎င်း၏ရုံးခန်းကိုမြန်မာနိုင်ငံတွင် ဖွင့်လစ်ခွင့်ပြုခဲ့သည်ဟုစစ်ကောင်စီကဆိုသည်

စစ်ကောင်စီထုတ်ပြန်ချက်

ယခုရုံးခန်းကို ဆက်လက်ထားရှိရန်ခွင့်မပြုတော့ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂသို့ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင်အကြောင်းကြားပြီးဖြစ်ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်

Add a Comment

Your email address will not be published. Required fields are marked *