စိုပြေတဲ့ အသားအရည်လေးနဲ့ ရင်ခုန်စရာကောင်းလှတဲ့ ရေကူးကန်ထက်မှ ရွှေကစ်
|မကြာသေးခင်နာရီပိုင်းလောက်ကလည်း ရွှေကစ်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရေကူးကန်ထက်မှာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ စကားတွေပြောကာ ပျော်ရွှင်နေတဲ့ ရွှေကစ်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ ရေကူးဝတ်စုံလေးနဲ့ အသည်းယားစရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစားနိုင် အောင် ရွှေကစ်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးလေးတစ်လက်အဖြစ် အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေ များစွာရရှိထားသူကတော့ သ ရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုတို့ကြောင့် အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ ရွှေကစ်ဟာ ပြည်ပနိုင်ငံက ဒါရိုက်တာများနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူး နေရတဲ့ နိုင်ငံကျော် မင်းသမီးလေး တစ်လက် လည်း ဖြစ်ပါတယ်။
ဒီနေ့လေးကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးဟာ မွေးနေ့ရက်မတိုင်ခင်မှာ အလှူလေးတွေ များစွာလည်း ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ရွှေကစ်လေးဟာ သူမရဲ့ မိဘနှစ်ပါး ၊ ချစ်ခင်ရတဲ့ သူ ငယ်ချင်းတွေနဲ့အတူ ချောင်းသာကမ်းခြေကို အပန်းဖြေရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
Source and Photo Crd- Wutt Hmone Shwe Yi’s IG account and Zinminthetlyar’s IG Story