မိန္္းကေလးအလွ အိိပ္ယာထ၏ အဓိပၸါယ္ (မသိေသးသူမ်ား႐ွယ္ထား)

မိန္းကေလး အလွ အိပ္ယာ ထ တဲ့။ဒီ ဆို႐ိုးရဲ႕ အဓိပၸါယ္ကို မသိတဲ့သူေတြ ႐ွိေနၾက ပါလိမ့္ မယ္ ။ေ႐ွးလူႀကီးေတြရဲ႕ အဆိုအရ မိန္းကေလး ရယ္လို႔ ျဖစ္လာ ခဲ့ၿပီဆိုရင္အ႐ြယ္ေရာက္ လာလို႔ အိပ္ယာႏိုးတဲ့ အခါမွာ ကိုယ္ လက္ သန္႔စင္မႈနဲ႔ အစျပဳ ရပါ တယ္ ။ထို႔ေနာက္ မိမိအိမ္မွာ ႐ွိတဲ့ ဘုရားအား ပန္း ေရခ်မ္း ၊ ဆီမီးပူေဇာ္ျခင္း ၊ဘုရားဝတ္ျပဳျခင္း ၊ ႐ွိခိုး ထိုက္သူ ႐ွိခိုးပူေဇာ္ျခင္း စတဲ့ အလုံးစုံ ပူေဇာ္မႈေတြျဖင့္ ေန႔သစ္မွာ မဂၤလာ ယူရ ပါတယ္ ။

မိမိအိမ္ကို တံျမက္စည္း လွဲျခင္း ၊သန္႔႐ွင္းမႈ အစုစုတို႔ျဖင့္ အိမ္၏ ဂုဏ္က်က္သေရ ျပည့္စုံေအာင္ ျပဳလုပ္ရ ပါတယ္ ။ပုဗၺာစရိယ မိႏွင့္ဖ ကလည္း မိမိ သမီးေလးမ်ားကို လက္ပြန္းတတီး သြန္သင္ ဆုံးမ ရပါတယ္ ။ဒါမွလည္း မိမိတို႔ သမီး မိန္းကေလးဟာ အမွန္တကယ္ လွပတဲ့ မိန္းကေလး စစ္စစ္ ျဖစ္ႏိုင္ ပါတယ္။ဒါကို တစ္ခ်ိဳ႕က…တကယ္ လွတဲ့ မိန္ကေလးေတြက ၊အိပ္ယာ ထရင္ေတာင္ ၊ ကပိုကယို အလွေလးနဲ႔ လွေနတာလို႔ ထင္တတ္ၾက ပါတယ္ ။

တကယ္ေတာ့…မဟုတ္ ပါဘူး ။ဟိုး…အရင္က ေ႐ွးလူႀကီးေတြဟာ ကိုယ့္သားသမီးနဲ႔ လက္ထပ္ မယ့္ မိန္းကေလး အိမ္ကို တစ္ရက္တန္သည္ ႏွစ္ရက္ တန္သည္ သြား အိပ္ တတ္ ၾက သ တဲ့ ။အမွန္က ေလ့လာေရး ခရီးေပါ့ေနာ္…အထက္က ေျပာခဲ့သလို အဲဒီ မိန္းကေလးက လုပ္ခဲ့ရင္ ဒါဟာ သူတို႔ သတ္ မွတ္ ထားတဲ့ ” မိန္းကေလး အလွ အိပ္ယာ ထ ”ျမင္ေတြ႕ ရမွသာ…သူတို႔ိရဲ႕ အဖိုးတန္ ေခြၽးမ အျဖစ္ သတ္ မွတ္ ၾက ပါ တယ္ ။

ဒီေလာက္ဆိုရင္…” မိန္းကေလးအလွ အိပ္ယာထ ” ဆိုတဲ့ စကားကို အားလုံး သေဘာေပါက္ၾက လိမ့္မယ္ ထင္ ပါ တယ္ ။

Credit:ေမတၱာျဖင့္…အ႐ွင္ပုည( ဝကုန္း )

unicode

မိန်းကလေး အလှ အိပ်ယာ ထ တဲ့။ဒီ ဆိုရိုးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူတွေ ရှိနေကြ ပါလိမ့် မယ် ။ရှေးလူကြီးတွေရဲ့ အဆိုအရ မိန်းကလေး ရယ်လို့ ဖြစ်လာ ခဲ့ပြီဆိုရင်အရွယ်ရောက် လာလို့ အိပ်ယာနိုးတဲ့ အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါ တယ် ။ထို့နောက် မိမိအိမ်မှာ ရှိတဲ့ ဘုရားအား ပန်း ရေချမ်း ၊ ဆီမီးပူဇော်ခြင်း ၊ဘုရားဝတ်ပြုခြင်း ၊ ရှိခိုး ထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့ အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ မင်္ဂလာ ယူရ ပါတယ် ။

မိမိအိမ်ကို တံမြက်စည်း လှဲခြင်း ၊သန့်ရှင်းမှု အစုစုတို့ဖြင့် အိမ်၏ ဂုဏ်ကျက်သရေ ပြည့်စုံအောင် ပြုလုပ်ရ ပါတယ် ။ပုဗ္ဗာစရိယ မိနှင့်ဖ ကလည်း မိမိ သမီးလေးများကို လက်ပွန်းတတီး သွန်သင် ဆုံးမ ရပါတယ် ။ဒါမှလည်း မိမိတို့ သမီး မိန်းကလေးဟာ အမှန်တကယ် လှပတဲ့ မိန်းကလေး စစ်စစ် ဖြစ်နိုင် ပါတယ်။ဒါကို တစ်ချို့က…တကယ် လှတဲ့ မိန်ကလေးတွေက ၊အိပ်ယာ ထရင်တောင် ၊ ကပိုကယို အလှလေးနဲ့ လှနေတာလို့ ထင်တတ်ကြ ပါတယ် ။

တကယ်တော့…မဟုတ် ပါဘူး ။ဟိုး…အရင်က ရှေးလူကြီးတွေဟာ ကိုယ့်သားသမီးနဲ့ လက်ထပ် မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည် နှစ်ရက် တန်သည် သွား အိပ် တတ် ကြ သ တဲ့ ။အမှန်က လေ့လာရေး ခရီးပေါ့နော်…အထက်က ပြောခဲ့သလို အဲဒီ မိန်းကလေးက လုပ်ခဲ့ရင် ဒါဟာ သူတို့ သတ် မှတ် ထားတဲ့ ” မိန်းကလေး အလှ အိပ်ယာ ထ ”မြင်တွေ့ ရမှသာ…သူတိို့ရဲ့ အဖိုးတန် ချွေးမ အဖြစ် သတ် မှတ် ကြ ပါ တယ် ။

ဒီလောက်ဆိုရင်…” မိန်းကလေးအလှ အိပ်ယာထ ” ဆိုတဲ့ စကားကို အားလုံး သဘောပေါက်ကြ လိမ့်မယ် ထင် ပါ တယ် ။

Credit:မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )

Add a Comment

Your email address will not be published. Required fields are marked *