ဝမ်းနည်း နာကြည်းစိတ်နဲ့ မေးခွန်းလေး တစ်ခု မေးလာခဲ့တဲ့ ထားထက်ထက်
|မော်ဒယ် သရုပ်ဆောင် မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် ဖေဖော်ဝါရီလ ကတည်းက စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း
တစ်ဖက် မှ အင်အားသုံး ချေမှုန်းခဲ့ တာ ဖြစ်တဲ့အတွက် အပြစ်မဲ့ တဲ့ လူပေါင်းများစွာ ကျဆုံးခဲ့ရ လို့ ဝမ်းနည်းရပြီး နောက်ဆုံးမှာ တော့ တော်လှန် ရေးအတွက်လွတ်မြောက်နယ်မြေသို့ သွားရောက် ဖို့ အခု လို ဆုံးဖြတ်ချက် ချခဲ့တာ ဖစ်ပြီး အာဏာရှင်ကို တိုက်ထုတ် ဖို့ အတွက် ဧပြီလကတည်းက တောထဲတွင် စစ်ပညာ သင်ကြားနေတာပါ။ ဒီနေ့လေးမှာ တော့ ထားထက်ထက် က”တချို့ သူငယ်ချင်းတွေက
ထောင်ထဲမှာ…တချို့ သူငယ်ချင်းတွေက တောထဲမှာ…တချို့ သူငယ်ချင်းတွေက ရှောင်ပြေးပုန်းနေကြရမှာ…
တချို့ သူငယ်ချင်းတွေက ကောင်းကင်ပေါ်မှာ တချို့ သူငယ်ချင်းတွေက ပုံမှန်အတိုင်း ဖြစ်နေကြပြီ။တချို့ သူငယ်ချင်းတွေက ပုံမှန်ဖြစ်အောင် ကြိုးစားနေကြပြီ။တချို့ သူငယ်ချင်းတွေက ပုံမှန်မဖြစ်သလိုနဲ့
ပုံမှန်အတိုင်း လမ်းကြောင်းပေါ် လျှောက်နေကြပြီ။တချို့ သူငယ်ချင်းတွေက ပုံမှန်အတိုင်း ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပြီ….
.ဒါ ကိုယ့်အနီးနားက ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ Facebook ပေါ်မှာ မြင်နေတွေ့နေရတာပဲ ရှိသေးတယ် ၊
တခြား မမြင်ရ မတွေ့ရပဲ ခုလို အဖြစ်မျိုးတွေ ကြုံတွေ့နေရတာတွေ အများကြီးရှိနေတယ်…သူတို့တွေ အားလုံးကို မေ့ထားပြီး 2021 ရဲ့ Christmas နဲ့ New Year ကို ဘယ်လိုပျော်နိုင်ပါ့မလဲ…. December 2021 ” ဆိုပြီးရေးသားလာခဲ့ပါတယ်နော်။credit