ကလေးတွေကို အရမ်းလွမ်းနေကြောင်း ငိုပြီးပြောပြ လာ တဲ့ မအူဝဲ နဲ့ ကိုပြေတီဦး









unicode

ရိုးသားစွာပဲ အဖိနှိပ်ခံ ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့တယ် ကိုပြေတီဦးနဲ့ မအူဝဲက မီးရထားဝန်းက CDMဝန်ထမ်းတွေကို အကူအညီ အသုံးစရိတ် ထောက်ပံ့ပေးဖို့ သွားတာ

အဲ့ဒီနေကဆို မပိုင်ဖြိုးသု ကိုဏကြီး ခါရာ အောင်မြင့်မြတ် အနုပညာရှင်တွေ အတော်များတယ် တကယ်ပဲ မျက်ရည်ထိန်းထားရတယ် သူတို့မှာ သုံးစရိတ်

လုံလောက်တယ် ထောက်ပံ့ငွေကို တကယ် လိုအပ်တဲ့အချိန် ပြောမယ်ပြောလို့ ပြောပီး မအူဝဲတို့ ပေးတာကို မယူဘူး အရမ်းရိုးသားတယ်CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ခြေထောက်ကိုင် တောင်းပန်ပါဆိုရင်တောင် ညီမတို့လင်မယား တောင်းပန်ဖို့ ဝန်မလေးဘူး အခုညီမတို့မိသားစု

ရှင်ကွဲကွဲ နေရတယ် ဒီစနစ်ကနေ လွှတ်မြောက်မှကိုဖြစ်မှာ ညဘက်တွေဆို ခလေးတွေကို လွှမ်းလို့ အိပ်လို့ကိုမရတာ

ညီမတို့လိုပဲ ခွဲခွာနေရတဲ့ မိသားစုတွေကို အရမ်းပဲ ကိုယ်ချင်းစာမိတယ် ကိုပြေတီကတော့ ညီမအရှေ့မှာတော့ စိတ်ထိန်းပီး ဘာမှမဖြစ်သလို

နေနေပေမယ့် ခလေးတွေနဲ့ ဖုန်းပြောရင်တော့ ဟန်မဆောင်နိုင်ဘူး ငိုချလိုက်တယ်လို့ ပြောပြတယ်၊

ဒီအိမ်မက်ဆိုးကြီးကနေ တိုင်းပြည်တစ်ခုလုံးကို လွှတ်မြောက်စေနေချင်ပီ၊ မအူဝဲတို့လည်း အရမ်းကို ပင်ပန်းနေပီ အရေးတော်ပုံကြီးအမြန်ဆုံး အောင်မြင်စေချင်ပီးလို့ပြောပြလာခဲ့တယ်။ စိတ်ပူပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ ဘေးကင်းအောင် နေထိုင်ကြပါလို့လည်း ပြောသွားခဲ့ပါတယ်။

Credit – Original Writer

Add a Comment

Your email address will not be published. Required fields are marked *