မေပါ႔ၾကပါနဲ႔ အျပင္ထြက္တဲ ႔အခါ ဂရုစိုက္ၾကပါအံုးေနာ္…

ဒူဘိုင္းမွ ျပန္လာသည့္ ျမန္မာႏိုင္ငံသား ၄ ဦးတြင္ အိုမီခ႐ြန္ပိုးေတြ႕ ယူေအအီးႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕ကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ဝင္ေရာက္လာသူ ျမန္မာ ႏိုင္ငံသား ၄ ေယာက္မွာ (အိုမီခ႐ြန္)ေရာဂါပိုး ေတြ႕႐ွိရတယ္လို႔

စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၂၈ ရက္ ည ၈နာရီက ထုတ္ျပန္လိုက္ပါတယ္။အိုမီခ႐ြန္ေရာဂါပိုး ဓာတ္ခြဲေတြ႕႐ွိသူ ၄ ေယာက္ထဲမွာ ၁ ေယာက္က သာမန္ေရာဂါလကၡဏာ ေတြ႕႐ွိရၿပီး က်န္ ၃ ေယာက္က ေရာဂါလကၡဏာ မေတြ႕႐ွိရဘူးလို႔ ေဖာ္ျပထားပါတယ္။

ပိုးေတြ႕သူ ၄ ေယာက္စလုံးကို ကုသေရးစင္တာေတြမွာ ေစာင့္ၾကပ္ၾကည့္႐ႈၿပီး သတ္မွတ္ရက္ျပည့္ေျမာက္လို႔ က်န္းမာေရးေကာင္းမြန္တာေၾကာင့္ကုသေရးစင္တာမွ ဆင္းခြင့္ျပဳခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ျပည္ပႏိုင္ငံက ဝင္လာတဲ့သူေတြကို ဓာတ္ခြဲ စစ္ေဆးရာမွာ ဒီဇင္ဘာ ၁၄ ရက္ေန႔က ဓာတ္ခြဲနမူနာ ၃၀ မွာ ကိုဗစ္ပိုးေတြ႕႐ွိခဲ့ၿပီး၂၈ ရက္ေန႔က အဲ့ဒီပိုးေတြ႕ ဓာတ္ခြဲနမူနာေတြကို ထပ္မံစစ္ေဆးရာမွာ အိုမီခ႐ြန္ပိုးေတြ႕သူ ၄ ေယာက္နဲ႔ က်န္ဓာတ္ခြဲနမူနာ ၂၄ ခုမွာSARS-CoV-2 Variant Delta ေရာဂါပိုးေတြ႕႐ွိရတယ္လို႔ ထုတ္ျပန္ထားပါတယ္။

PHOTO CREDIT- REUTERS

Credit – DVB News

unicode

ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမီခရွန်ပိုးတွေ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား ၄ ယောက်မှာ (အိုမီခရွန်)ရောဂါပိုး တွေ့ရှိရတယ်လို့

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ည ၈နာရီက ထုတ်ပြန်လိုက်ပါတယ်။အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ယောက်ထဲမှာ ၁ ယောက်က သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် ၃ ယောက်က ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ ဖော်ပြထားပါတယ်။

ပိုးတွေ့သူ ၄ ယောက်စလုံးကို ကုသရေးစင်တာတွေမှာ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ရက်ပြည့်မြောက်လို့ ကျန်းမာရေးကောင်းမွန်တာကြောင့်ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဓာတ်ခွဲနမူနာ ၃၀ မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး၂၈ ရက်နေ့က အဲ့ဒီပိုးတွေ့ ဓာတ်ခွဲနမူနာတွေကို ထပ်မံစစ်ဆေးရာမှာ အိုမီခရွန်ပိုးတွေ့သူ ၄ ယောက်နဲ့ ကျန်ဓာတ်ခွဲနမူနာ ၂၄ ခုမှာSARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

PHOTO CREDIT- REUTERS

Credit – DVB News

Add a Comment

Your email address will not be published. Required fields are marked *