လာမယ့္ႏွစ္ အစပိုင္း မွ စၿပီး အလႉပြဲ မဂၤလာပြဲမ်ားျပဳလုပ္လိုပါ က အခြန္ေငြေပးေဆာင္ရ မည္(အျပည့္အစုံဖတ္ရန္ပုံကိုႏွိပ္ပါ)

မဂၤလာပါ ပရိသတ္ႀကီးတို႔ေရ၊ လာမည့္ႏွစ္မွစ၍ အလႉ၊ မဂၤလာေဆာင္ျပဳလုပ္လွ်င္စစ္ေကာင္စီက ေငြက်ပ္ သုံးသိန္း ေတာင္းခံမည္ဟု သတင္းမ်ားထြက္ေပၚေနသျဖင့္ဧရာဝတီတိုင္းအတြင္း ႏွစ္မကုန္မီ အလႉ၊ မဂၤလာေဆာင္မ်ားအၿပိဳင္အဆိုင္ျပဳလုပ္ေန။လာမည့္ ၂၀၂၂ ခုႏွစ္ဆန္းပိုင္းမွစတင္၍ အလႉ၊မဂၤလာေဆာင္မ်ားျပဳလုပ္ပါကေငြက်ပ္ သုံးသိန္းေတာင္းခံမည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းေၾကာင့္ ဧရာဝတီတိုင္းတိုင္း၊ ဟသၤာတခ႐ိုင္အတြင္းၿမိဳ႕နယ္မ်ားတြင္ ႏွစ္မကုန္မီ အလႉ၊ မဂၤလာေဆာင္မ်ားအၿပိဳင္အဆိုင္ျပဳလုပ္ေနၾကေၾကာင္းေဒသခံမ်ားထံက သိရသည္။

အဆိုပါသတင္းမ်ားသည္ ယခုလဆန္းပိုင္းမွစတင္၍ ျပန္႔ႏွံ႔ေနျခင္းျခင္းျဖစ္ၿပီး အဆိုပါသတင္းမ်ားေၾကာင့္လာမည့္ႏွစ္အတြင္းက်င္းပရန္လ်ာထားသည့္ အလႉ၊မဂၤ လာေဆာင္မ်ားကိုပါ ယခုႏွစ္မကုန္မီ ေ႐ႊ႕ဆိုင္း၍ ျပဳလုပ္ေနေၾကာင္း သိရသည္။“ၾကာပီေပါ့ အဲဒီသတင္းၾကားေနတာ။အလႉပဲလုပ္လုပ္၊ မဂၤလာေဆာင္ပဲလုပ္လုပ္ သုံးသိန္းေပးေဆာင္ရမယ္လို႔ အသံေတြၾကားေနတာ။ စစ္ေကာင္စီေငြျပ.တ္ေနေတာ့ ေတာင္းရင္ေတာင္းႏိုင္တယ္။ အတည္ျဖစ္သြားလို့ေပးရမယ္ဆိုရင္ သုံးသိန္းဆိုတာမနဲဘူး မေပးႏိုင္ဘူး။အာ့ေၾကာင့္ခုရက္ထဲလုပ္လိုက္တာ။ ႐ြာထဲကလႉဖို႔စီစဥ္ထားတဲ့သူေတြလည္း ဒီရက္ထဲမွာ အကုန္စုၿပီးလုပ္ေနၾကတယ္။”ဟုဟသၤာတခ႐ိုင္၊ ေလးမ်က္ႏွာၿမိဳ႕မွ ေဒသခံတဦးက ေျပာသည္။

စစ္အာဏာသိမ္းထားသည့္ စစ္အုပ္ခ်ဳပ္ေရးကာလျဖစ္ၿပီး တရားဥပေဒစိုးမိုးမႈမ႐ွိသည့္ကာလျဖစ္၍ ဘာမဆိုျဖစ္လာႏိုင္သည့္အတြက္ ယခုကဲ့သို႔လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕ကေျပာဆိုသည္။ ”မဂၤလာေဆာင္ရင္ လက္မွတ္ထိုးရင္ ေငြသုံးသိန္း ေပးရမယ္ဆိုတဲ့သတင္းကခုတေလာၾကားေနရလို႔က်ေနာ္တို႔က ၃လပိုင္းမွယူဖို႔လုပ္ထားတာ။အခုက ေငြေတာင္းမယ္လို႔ၾကားေနေတာ့ က်ေနာ္တို႔ခုေခတ္ကာလမွာ ပိုက္ဆံမနဲစုၿပီး ယူဖို႔စီစဥ္ရတာ။

အဲ့ေလာက္ပိုက္ဆံေတာ့ မေပးႏိုင္ဘူး။ မဟုတ္ပါဘူးလို႔ ဘယ္သူမွလည္း အာမခံႏိုင္တဲ့အေျခအေနမ်ိဳးမဟုတ္ဘူး”ဟု ၾကံခင္းၿမိဳ႕နယ္က မဂၤလာသတို႔သားေလာင္းတဦးက ဆိုသည္။၂၀၂၂ခုႏွစ္မွစတင္၍ အလႉ၊မဂၤလာေဆာင္ပြဲမ်ား ျပဳလုပ္ပါက အခြန္ေငြ သုံးသိန္းေပးေဆာင္ရမည္ဟု သတင္းမ်ားထြက္ေပၚေနၿပီး အမ်ားျပည္သူမ်ားအၾကား ေဝဖန္မႈမ်ားျမင့္တက္ေနေၾကာင္းသိရသည္။ ”အခြန္ဆိုၿပီး ေကာက္လို႔ေတာ့မရဘူး။ ေခါင္းစဥ္မ႐ွိဘူး။ မူဝါဒမ႐ွိဘူး။အတည္ျပဳေပးမယ့္ လႊတ္ေတာ္လည္းမ႐ွိဘူး။ ဒါေပမယ့္ စစ္အုပ္ခ်ဳပ္ေရးကာလျဖစ္တဲ့အတြက္ သူတို႔ဘာသာဆက္ေၾကး ေတာင္းသလိုေတာင္းရင္ေတာ့မသိဘူး”ဟု အခြန္ဦးစီးဌာနဒု- ဦးစီးမႉးတဦးက သုံးသပ္ေျပာဆိုသည္။

အဆိုပါ သတင္းမ်ားထြက္ေပၚေနမႈေၾကာင့္ ၂၀၂၂မတိုင္မီဟသၤါတခ႐ိုင္အတြင္းၿမိဳ႕မ်ားျဖစ္သည့္ ဟသၤါတ၊အဂၤပူ၊ေလးမ်က္ႏွာ၊ဇလြန္၊ ျမန္ေအာင္၊ၾကံခင္း စသည့္ၿမိဳ႕နယ္မ်ားအတြင္းတြင္ အလႉ၊မဂၤလာေဆာင္မ်ားေန႔စဥ္နီးပါး က်င္းပျပဳလုပ္လွ်က္႐ွိေနေၾကာင္း ဟသၤာတခ႐ိုင္အတြင္းမွ ဒသခံမ်ားထံကသိရသည္။ ဖတ္႐ႈ႕အားေပးၾကေသာ ပရိသတ္ႀကီး တစ္ဉီးခ်င္း တစ္ေယာက္ခ်င္းစီတိုင္းအားေက်းဇူး အထူးတင္႐ွိပါသည္။စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းတို႔ျဖင့္ ျပည့္စုံကာ ျမန္မာျပည္သူျပည္သားမ်ား လိုလားေတာင့္တေသာ ေန႔ရက္မ်ား အျမန္ေရာက္႐ွိ ပိုင္ဆိုင္ႏိုင္ၾကပါေစ။ စ.စ္အာဏာ႐ွင္စနစ္ အျမန္ဆုံးက.်ဆုံ.းပါေစ။ျမန္မာျပည္ႀကီးလည္း႐ႊင္လန္း ခ်မ္းေျမ့ပါေစဗ်။ျပည္သူမ်ားအားလုံးပဲ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစလို႔

ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။သတင္းထူး သတင္းဦးမ်ားကို ပိုမိုသိ႐ွိရေအာင္ ကြၽန္ေတာ္တို႔ Pageေလးကို followေလးလုပ္သြားၾကပါအုံးေနာ္။

unicode

မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ၊ လာမည့်နှစ်မှစ၍ အလှူ၊ မင်္ဂလာဆောင်ပြုလုပ်လျှင်စစ်ကောင်စီက ငွေကျပ် သုံးသိန်း တောင်းခံမည်ဟု သတင်းများထွက်ပေါ်နေသဖြင့်ဧရာဝတီတိုင်းအတွင်း နှစ်မကုန်မီ အလှူ၊ မင်္ဂလာဆောင်များအပြိုင်အဆိုင်ပြုလုပ်နေ။လာမည့် ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှစတင်၍ အလှူ၊မင်္ဂလာဆောင်များပြုလုပ်ပါကငွေကျပ် သုံးသိန်းတောင်းခံမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဧရာဝတီတိုင်းတိုင်း၊ ဟင်္သာတခရိုင်အတွင်းမြို့နယ်များတွင် နှစ်မကုန်မီ အလှူ၊ မင်္ဂလာဆောင်များအပြိုင်အဆိုင်ပြုလုပ်နေကြကြောင်းဒေသခံများထံက သိရသည်။

အဆိုပါသတင်းများသည် ယခုလဆန်းပိုင်းမှစတင်၍ ပြန့်နှံ့နေခြင်းခြင်းဖြစ်ပြီး အဆိုပါသတင်းများကြောင့်လာမည့်နှစ်အတွင်းကျင်းပရန်လျာထားသည့် အလှူ၊မင်္ဂ လာဆောင်များကိုပါ ယခုနှစ်မကုန်မီ ရွှေ့ဆိုင်း၍ ပြုလုပ်နေကြောင်း သိရသည်။“ကြာပီပေါ့ အဲဒီသတင်းကြားနေတာ။အလှူပဲလုပ်လုပ်၊ မင်္ဂလာဆောင်ပဲလုပ်လုပ် သုံးသိန်းပေးဆောင်ရမယ်လို့ အသံတွေကြားနေတာ။ စစ်ကောင်စီငွေပြ.တ်နေတော့ တောင်းရင်တောင်းနိုင်တယ်။ အတည်ဖြစ်သွားလို့ပေးရမယ်ဆိုရင် သုံးသိန်းဆိုတာမနဲဘူး မပေးနိုင်ဘူး။အာ့ကြောင့်ခုရက်ထဲလုပ်လိုက်တာ။ ရွာထဲကလှူဖို့စီစဉ်ထားတဲ့သူတွေလည်း ဒီရက်ထဲမှာ အကုန်စုပြီးလုပ်နေကြတယ်။”ဟုဟင်္သာတခရိုင်၊ လေးမျက်နှာမြို့မှ ဒေသခံတဦးက ပြောသည်။

စစ်အာဏာသိမ်းထားသည့် စစ်အုပ်ချုပ်ရေးကာလဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်ကာလဖြစ်၍ ဘာမဆိုဖြစ်လာနိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောဆိုသည်။ ”မင်္ဂလာဆောင်ရင် လက်မှတ်ထိုးရင် ငွေသုံးသိန်း ပေးရမယ်ဆိုတဲ့သတင်းကခုတလောကြားနေရလို့ကျနော်တို့က ၃လပိုင်းမှယူဖို့လုပ်ထားတာ။အခုက ငွေတောင်းမယ်လို့ကြားနေတော့ ကျနော်တို့ခုခေတ်ကာလမှာ ပိုက်ဆံမနဲစုပြီး ယူဖို့စီစဉ်ရတာ။

အဲ့လောက်ပိုက်ဆံတော့ မပေးနိုင်ဘူး။ မဟုတ်ပါဘူးလို့ ဘယ်သူမှလည်း အာမခံနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူး”ဟု ကြံခင်းမြို့နယ်က မင်္ဂလာသတို့သားလောင်းတဦးက ဆိုသည်။၂၀၂၂ခုနှစ်မှစတင်၍ အလှူ၊မင်္ဂလာဆောင်ပွဲများ ပြုလုပ်ပါက အခွန်ငွေ သုံးသိန်းပေးဆောင်ရမည်ဟု သတင်းများထွက်ပေါ်နေပြီး အများပြည်သူများအကြား ဝေဖန်မှုများမြင့်တက်နေကြောင်းသိရသည်။ ”အခွန်ဆိုပြီး ကောက်လို့တော့မရဘူး။ ခေါင်းစဉ်မရှိဘူး။ မူဝါဒမရှိဘူး။အတည်ပြုပေးမယ့် လွှတ်တော်လည်းမရှိဘူး။ ဒါပေမယ့် စစ်အုပ်ချုပ်ရေးကာလဖြစ်တဲ့အတွက် သူတို့ဘာသာဆက်ကြေး တောင်းသလိုတောင်းရင်တော့မသိဘူး”ဟု အခွန်ဦးစီးဌာနဒု- ဦးစီးမှူးတဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ သတင်းများထွက်ပေါ်နေမှုကြောင့် ၂၀၂၂မတိုင်မီဟင်္သါတခရိုင်အတွင်းမြို့များဖြစ်သည့် ဟင်္သါတ၊အင်္ဂပူ၊လေးမျက်နှာ၊ဇလွန်၊ မြန်အောင်၊ကြံခင်း စသည့်မြို့နယ်များအတွင်းတွင် အလှူ၊မင်္ဂလာဆောင်များနေ့စဉ်နီးပါး ကျင်းပပြုလုပ်လျှက်ရှိနေကြောင်း ဟင်္သာတခရိုင်အတွင်းမှ ဒသခံများထံကသိရသည်။ ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက်ချင်းစီတိုင်းအားကျေးဇူး အထူးတင်ရှိပါသည်။စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တသော နေ့ရက်များ အမြန်ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ။ စ.စ်အာဏာရှင်စနစ် အမြန်ဆုံးက.ျဆုံ.းပါစေ။မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။ပြည်သူများအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *