ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျီလေးနဲ့ တ်လှောနျရေး ရန်ပုံငွေ ကံစမျးမဲ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ပိုင်ဖြိုးသု
|သရုပ်ဆောင်ပိုင်ဖြိုးသုက ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေ နဲ့ကျရာ ဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီ မင်းသမီးပဲဖြစ်ပါတယ်သုသုက ဟာသဇာတ်ကားတွေ အပြင်ဇာတ်ကားပေါင်း အမြောက်အများကိုရိုက်ကူးထားတဲ့ အပြင် ဆရာဝန်တစ်ဦးလဲ ဖြစ်ပါသေးတယ်
ယခုလက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ ရဲရဲဝံ့ဝံ့တော်လှန်ခဲ့ သူလဲဖြစ်ပါတယ်ပိုင်ဖြိုးသုက ဒါရိုက်တာဏကြီးနဲ့လက်ထက် ထိမ်းမြားထားပြီးတော့ သာယာပြီးပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားပေမယ့် စစ်ကောင်စီရဲ့ ၅၀၅ကနဲ့အမှုဖွင့်အရေးယူထားတာကြောင့် ဘေးလွှတ်ရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်သုသု တစ်ယောက်ကတော့ လက်ရှိအချိန်ထိကို ဇွဲမလျော့ပဲ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးအတွက် အားတက်သရော ပါဝင်နေဆဲပါပဲအခုတစ်ခါမှာလည်း တော်လှန်ရေးရန်ပုံငွေအတွက် ကံစမ်းမဲအစီအစဉ်မှာ ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျီလေးနဲ့ ပါဝင်အားဖြည့်ပေးခဲ့ပါတယ်။
“တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” ကံစမ်းမဲလက်မှတ်တွေရဲ့ ဆုမဲတွေထဲမှာ ဆိုင်ကယ် ဖုန်းဟန်းဆက် ရွှေသား အစရှိတဲ့ တန်ဖိုးကြီးဆုမဲတွေ ပါဝင်သလိုသုသုတို့တော်လှန်ရေးအနုပညာမောင်နှမတွေဖန်တီးထားတဲ့ အမှတ်တရလက်ဆောင်လေးတွေလဲပါဝင်ပါတယ် ။သုသုကို hand madeလေးတစ်ခုဖန်တီးဖို့ ဘုန်းဘုန်းအရှင်ထာဝရနဲ့ ကိုပေါက်ကပြောတော့ cardiganလေးထိုးပေးဖို့ ဆုံးဖြတ်ခဲ့မိတယ်။တစ်ခါမှမထိုးဘူးတဲ့stitch pattern & sizeဖြစ်နေတော့ မှားလိုက်ပြန်ဖြုတ်လိုက်နဲ့ တစ်လကျော်အချိန်ယူလိုက်ရပါတယ်
သုသုprofessional crochetထိုးတဲ့သူမဟုတ်တော့ လိုအပ်ချက်တွေအများကြီးပါ ဒါပေမယ့် ဒီcardiganလေးမှာ သုသုစေတနာတွေအပြည့်နဲ့ထိုးပေးထားတာမို့ မေတ္တာတရားတွေတော့အပြည့်အဝပါဝင်ပါတယ်သုသုရဲ့ Cardiganကိုမဲပေါက်ခဲ့ရင် မဲပေါက်သူကိုယ်တိုင်ပဲဖြစ်ဖြစ် လက်ဆောင်ပြန်ပေးမယ်ဆိုရင်လည်းပြန်ပေးမဲ့သူရဲ့နာမည်ကိုပဲဖြစ်ဖြစ် initial လေးပါ အင်္ကျီမှာထည့်ထိုးပေးပါ့မယ်(ဥပမာ-ခင်ဆိုရင်K, မေဆိုရင်M, ဉာဏဆိုရင်N စသဖြင့်ပေါ့လေ) ထိုးပေးစေချင်တဲ့စာလုံးကိုသာပြောပေးပါဒီCardiganလေးနဲ့အတူဆုမဲတွေကံထူးဖို့ ကံစမ်းမဲလက်မှတ်တွေကိုအောက်ကlinkမှတစ်ဆင့်pageရဲ့ messengerမှာသွားဝယ်လို့ရပါသေးတယ်December(31)st ည(၁၂:၀၀)အထိရောင်းချပေးသွားမယ်လို့သိရပါတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ရေးသားထားတာပဲ ဖြစ်ပါတယ်။
Crd#