စွဲမက်စရာကောင်း တဲ့ အလှတရားတွေနဲ့ ပက်ထရစ်ရှာ
|မကြာသေးခင် နာရီပိုင်းလောက် ကလည်း ရှာရှာရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရင်ခုန်စရာကောင်းတဲ့ ဖက်ရှင်လေးကိုဝတ်ဆင်ထားပြီး အမိုက်စားပုံစံလေးနဲ့ အထာကျကျ ဆော့ကစားထားတဲ့ ပက်ထရစ်ရှာ ရဲ့ Tik Tok Video လေးပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှု ခံစားနိုင်အောင် ဒီဗီဒီယိုလေး ကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါ တယ်နော်။
ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောက ထဲကို ဝင်ရောက်လာပြီး စူးရှတောက်ပတဲ့ မျက်ဝန်းလေးကြောင့် ပုရိ သတွေ အားလုံးကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။သူမရဲ့ ပုံစံလေး ကလည်း နိုင်ငံခြားမင်းသမီးလေးအလား ထင်မှတ်မှားရလောက်အောင် ဆွဲဆောင်မှု ရှိလွန်းနေတာပဲ ဖြစ်ပါတယ်။
ပက်ထ ရစ်ရှာရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ဝါရင့်အနုပညာရှင်များကတောင် ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ သူမ ဟာ လတ်တလောမှာတော့ Music Video လေးတွေ နဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးကလည်း လေ့ကျင့်ခန်းမလုပ်ဘဲ နဲ့ တောင် ကျစ်လစ်သွယ်လျ လှပနေတာလည်း ဖြစ်ပါတယ်။ မကြာခဏ ဆိုသလိုလည်း Tik Tok လေးတွေ ဆော့ ကစားကာ ပရိသတ်တွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
Source and Photo Crd-Patricia Sue Sha Naing’s Tik Tok And Sue Sha Naing’s Facebook Account