ပါရမီဖြည့်ဖက်ကောင်းပီ သ တဲ့ မင်းမော်ကွန်းရဲ့ဇနီး
Credit
unicode
တောထဲရောက်နေတဲ့ ခင်ပွန်းရဲ့နောက်ကို ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ လိုက်လာပြီး လိုအပ်တာတွေဖြည့်ဆည်းလုပ်ကိုင်ပေးနေတဲ့ မင်းမော်ကွန်းရဲ့ချစ်ဇနီသရုပ်ဆောင် မင်းမော်ကွန်းကတော့စိတ်ဓာတ်အရမ်းပြင်းပြသူဖြစ်လို့ဒီမိုကရေစီအောင်ပွဲရဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးစားနေတာဖြစ်ပါတယ်။
မင်းမော်ကွန်းက အခုချိန်မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ရဲဘော်တွေနဲ့အတူ အပြင်းအထန်လေ့ကျင့်နေတာပဲဖြစ်ပါတယ်။တောထဲမှာနေရတာကြောင့် အိမ်မှာလိုတော့ အဆင်မပြေပေမယ့် အဖွဲ့ဝင်တွေရဲ့ ဒုက္ခအခက်အခဲတွေကိုလည်းမျှဝေခံစားပေးပြီး သူတတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ချစ်ဇနီးကလည်း ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့မင်းမော်ကွန်းရဲ့ ဇနီးနဲ့သားငယ်လေးက တောထဲမှာ ဟင်းချက်စားလို့ရအောင် မှိုချိုးနေကြတာဖြစ်ပါတယ်။အခုလိုမိုးရာသီကာလမှာ တောထဲတွင်လည်း အလေ့ကျပေါက်တဲ့မှိုတွေပေါများနေတာပဲဖြစ်ပါတယ်။
မင်းမော်ကွန်းကလည်း မှိုချိုးနေတဲ့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း မင်းမော်ကွန်းတို့ဇနီးမောင်နှံရဲ့စိတ်ဓာတ်တွေကို အရမ်းလေးစားနေကြပြီး သားလေးကိုဂရုစိုက်ဖို့ မေတ္တာနဲ့မှာနေကြတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့မိသားစုတွေလည်း အစစ အရာရာအဆင်ပြေပြီး အန္တရာယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းပေးရင်း သူတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Credit