ရည်စားမထားဘူးဆိုထားတဲ့ မင်းသားမိုးအောင်ရင် က ငုံထားမတတ် ချစ်လွန်းကြောင်း ပြောတဲ့ ဗီဒီယို ထွက်ပေါ်
|အောက်ဆုံးတွင် ရုပ်သံဖိုင် ပါရှိပါသည် …
ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်သူကတော့ မင်းသားမိုးအောင်ရင်ပဲ ဖြစ်ပါတယ်။ သူကတော့ အကျဉ်းထောင်ထဲနေလွတ်မြောက်လာပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ သိအောင်အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။
မိုးအောင်ရင်ဟာ သူ့ရဲ့ရည်းစားဟောင်းမှ တရားစွဲခံ ထားတာကြောင့် ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ ပြန်လည် ဖြေရှင်းထားခြင်း မရှိပါဘူးနော်။ မကြာသေးခင် ကတော့ မိုးအောင်ရင်ရဲ့ Instagram လူမှုကွန်ရက်တွင် ဗီဒီယိုလေး တစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ ချစ်သူလေးကို အာခံတွင်းထဲ ငုံထားမတတ် ချစ်လွန်းကြောင်း သက်သေပြထားတဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးသိအောင်ချပြလိုက်တာ ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ နောက်ထပ် ချစ်သူရနေပြီ ဖြစ်ကြောင်း မနှစ်က ဒီဇင်ဘာလကတည်းက အသိပေးထားတာ ဖြစ်ပါတယ်။ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။