ဆိုးရွားလှတဲ့ ၂၀၂၁မှာ ရှားရှားပါးပါး လက်မထောင်နိုင်ခဲ့ကြ တဲ့ ပြည်သူ့ချစ်အနုပညာရှင်နှစ်ဦး
unicode
ဆိုးရွားလှတဲ့၂၀၂၁ခုနှစ်မှာရှားရှားပါးပါးလက်မထောင်နိုင်ခဲ့ကြတဲ့ပြည်သူ့အချစ်တော်နှစ်ဦးကတော့ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်နဲ့မော်ဒယ်၊သရုပ်ဆောင်ပိုင်တံခွန်တို့ပဲဖြစ်ပါတယ်နော်။
သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့ဂျာမနီနိုင်ငံမှာကျင်းပတဲ့ရုပ်ရှင်ပွဲတော်မှာ2021 Seymour Cassel Award For Outsanding Performanceဆုကို What Happened To The Wolfရုပ်ရှင်နဲ့ရရှိခဲ့တာဖြစ်ပါတယ်၊အဆိုပါရုပ်ရှင်ပွဲတော်ဟာကမ္ဘာ့အကြီးဆုံးပွဲကြီးများထဲမှတစ်ပွဲအပါအဝင်ဖြစ်ပါတယ်၊
ကမ္ဘာ့အဆင့်ရုပ်ရှင်ပွဲတော်မှာဆုရရှိတဲ့ပထမဆုံးမြန်မာမင်းသမီးလဲဖြစ်ပါတယ်နော်။မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကတော့1990ခုနှစ်မှစ၍နှစ်စဉ်ရွေးချယ်နေကြTCCandlerရဲ့ကမ္ဘာ့အချောဆုံးအမျိုးသားအယောက်၁၀၀စာရင်းမှာ နံပါတ်၁နေရာကနေရွေးချယ်ဖော်ပြခြင်းခံရပြီးဒါဟာမြန်မာနိုင်ငံအတွက်ပထမဆုံးပဲဖြစ်ပါတယ်နော်။
စိတ်ဓာတ်တွေကျအရာရာပြိုလဲနေကြတဲ့ပြည်သူတွေအတွက်ဂုဏ်ယူအားတတ်ရအောင်စွမ်းနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်နော်၊အမြန်ဆုံးပြန်လည်လွှတ်မြောက်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်။