သဖန္းဆိပ္ဆည္ေရေအာက္ကို ႏွစ္ေပါင္း(၂၀)ေက်ာ္ေရာက္႐ွိေန တဲ့ ကုကၠိဳကုန္း(႐ြာေဟာင္း)မွ ဘုရားႀကီး…..

ေဇယ်ာေ႐ႊေျမစစ္ကိုင္းတိုင္းစစ္ကိုင္းတိုင္းေဒသႀကီး၊ကန္႔ဘလူခ႐ိုင္၊ကြၽန္းလွၿမိဳ႕နယ္၊သဖန္းဆိပ္ဆည္ေရေအာက္ကိုေရာက္ေနတဲ့ဘုရားမ်ားႏွင့္႐ြာေဟာင္းအေၾကာင္း သဖန္းဆိပ္ဆည္ ေရေအာက္ေရာက္ကုကၠိဳကုန္း(႐ြာေဟာင္း)ဘုရားေပၚ၍ ဖူးေမွ်ာ္သူမ်ားစစ္ကိုင္းတိုင္းေဒသႀကီး၊ကန္႔ဘလူခ႐ိုင္၊ကြၽန္းလွၿမိဳ႕နယ္၊သဖန္းဆိပ္ဆည္ေရေအာက္ကို ေရာက္ေနတဲ့ကုကၠိဳကုန္း(႐ြာေဟာင္း)မွ ဘုရားေပၚလို႔ လာေရာက္ဖူးေမွ်ာ္သူမ်ား႐ွိၿပီး..ႏွစ္ေပါင္း(၂၀)ေက်ာ္ေရေအာက္ေရာက္႐ွိေနတဲ့ ဘုရားႀကီးေပၚလာတာ ျဖစ္လို႔ လာေရာက္ဖူးေမွ်ာ္ရတာလို႔ ေဒသခံျပည္သူတစ္ဦးက ေျပာပါတယ္။

သဖန္းဆိပ္ဆည္ ေရေလွာင္တမံကို ၁၉၉၆-ခုႏွစ္က စတင္တည္ေဆာက္ ခဲ့တာျဖစ္ၿပီး ကြၽန္းလွၿမိဳ႕နဲ႔ ေက်း႐ြာေပါင္း(၇၃)႐ြာေရေအာက္ နစ္ျမဳပ္ခဲ့တယ္လို႔ ေဒသခံေတြထံက သိရပါတယ္။သတင္း- မ်ိဳးဝင္းညိဳ(ကြၽန္းလွ)သဖန္းဆိပ္ဆည္ထဲက ဘုရားႀကီးျဖစ္ပါတယ္ ရာသီ.ေရျပည့္ခ်ိန္မွာ ေရေအာက္မွာ စံေနေတာ္မူၿပီး ေႏြရာသီ ေရက်မွ ခုလိုျပန္ေပၚလာတာျဖစ္ပါ တယ္၁၉၉၈ခုႏွစ္က ဆည္တည္ေတာ့ ႐ြာေတြ ေ႐ႊ႕ေျပာင္းၾကရတယ္တခ်ိဳ႕မေ႐ြ႕ေျပာင္းႏိုင္တဲ့ အရာေတြ ေရေအာက္ေရာက္သြား တယ္ဆည္ေရ ေလ်ာ့တဲ့အခါ ေမြးရပ္႐ြာက ဘုရားႀကီးကို သြားဖူး ၾကတယ္ ေလွေပၚကေန ဘုရားဖူးေနတဲ့သူေတြ ၾက ည့္ၿပီး မ်က္ရည္စို႔ရတယ္..

သဖန္းဆိပ္ဆည္ႀကီးကေန ေပးေဝတဲ့ ေရေတြ ေၾကာင့္ စစ္ကိုင္းတိုင္းအတြင္းက ေတာင္သူေတြ လယ္ယာစိုက္ပ်ိဳးေရးအတြက္ မ်ားစြာ အဆင္ေျပ ၾကပါတယ္သဖန္းဆိပ္ဆည္ႀကီးကေန ထုတ္လုပ္ ၿပီး ေပးေဝတဲ့ လွ်ပ္စစ္မီးေတြေၾကာင့္ ေဒသေတာ္ေတာ္မ်ားမ်ား မီးေတြလင္းေနပါၿပီ..

အမ်ားေကာင္းက်ိဳးအတြက္ ေပးဆပ္ခဲ့ၾကရတဲ့ သဖန္းဆိပ္ဆည္ ဧရိယာထဲက ေဒသခံေတြရဲ႕ ရင္ထဲ က နာက်င္မႈေတြကေတာ့ ခုထိ႐ွိေနဆဲပါ အမ်ားအက်ိဳးအတြက္ ေပးဆပ္ခဲ့ၾကတာပဲဆိုၿပီး ဂုဏ္ယူခဲ့ၾကေပမယ့္လည္း ခုလို ဆည္ေရေတြက်ခ်ိန္ ေနရာေဟာင္းေလးကို အလြမ္းေျပလာၾကည့္မိ တိုင္း သူတို႔တေတြ မ်က္ရည္ဝဲေနဆဲပါပဲ။သဖန္းဆိပ္ဆည္ဟာ အေ႐ွ႕ေတာင္အာ႐ွရဲ႕ အႀကီး ဆုံးဆည္ ျဖစ္ၿပီး အျမင့္ ၁၀၈ ေပ၊ တမံအလ်ား ၂၂၅၈၇ ေပ၊ ကန္ေရအျပည့္သိုေလွာင္ႏိုင္သည့္ ပမာဏ ၂၈၈၀၀၀၀ ဧကေပ၊ လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္ႏိုင္မႈ.ပမာဏ ၃၀.မဂ္ဂါဝပ် ျဖစ္ပါတယ္။

Credit_Original_Uploader

PannNuHtwe

𝑀𝑦𝑎𝑛𝑚𝑎𝑟_𝐵𝑒𝑎𝑢𝑡𝑦_𝑊𝑜𝑟𝑙𝑑မွ

ျပန္လည္မွ်ေဝပါသည္။♥

unicode

ဇေယျာရွှေမြေစစ်ကိုင်းတိုင်းစစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်ရေအောက်ကိုရောက်နေတဲ့ဘုရားများနှင့်ရွာဟောင်းအကြောင်း သဖန်းဆိပ်ဆည် ရေအောက်ရောက်ကုက္ကိုကုန်း(ရွာဟောင်း)ဘုရားပေါ်၍ ဖူးမျှော်သူများစစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်ရေအောက်ကို ရောက်နေတဲ့ကုက္ကိုကုန်း(ရွာဟောင်း)မှ ဘုရားပေါ်လို့ လာရောက်ဖူးမျှော်သူများရှိပြီး..နှစ်ပေါင်း(၂၀)ကျော်ရေအောက်ရောက်ရှိနေတဲ့ ဘုရားကြီးပေါ်လာတာ ဖြစ်လို့ လာရောက်ဖူးမျှော်ရတာလို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

သဖန်းဆိပ်ဆည် ရေလှောင်တမံကို ၁၉၉၆-ခုနှစ်က စတင်တည်ဆောက် ခဲ့တာဖြစ်ပြီး ကျွန်းလှမြို့နဲ့ ကျေးရွာပေါင်း(၇၃)ရွာရေအောက် နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။သတင်း- မျိုးဝင်းညို(ကျွန်းလှ)သဖန်းဆိပ်ဆည်ထဲက ဘုရားကြီးဖြစ်ပါတယ် ရာသီ.ရေပြည့်ချိန်မှာ ရေအောက်မှာ စံနေတော်မူပြီး နွေရာသီ ရေကျမှ ခုလိုပြန်ပေါ်လာတာဖြစ်ပါ တယ်၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေ ရွှေ့ပြောင်းကြရတယ်တချို့မရွေ့ပြောင်းနိုင်တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်ဆည်ရေ လျော့တဲ့အခါ မွေးရပ်ရွာက ဘုရားကြီးကို သွားဖူး ကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြ ည့်ပြီး မျက်ရည်စို့ရတယ်..

သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေတဲ့ ရေတွေ ကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် များစွာ အဆင်ပြေ ကြပါတယ်သဖန်းဆိပ်ဆည်ကြီးကနေ ထုတ်လုပ် ပြီး ပေးဝေတဲ့ လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပြီ..

အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲ က နာကျင်မှုတွေကတော့ ခုထိရှိနေဆဲပါ အများအကျိုးအတွက် ပေးဆပ်ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့်လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေလာကြည့်မိ တိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲ။သဖန်းဆိပ်ဆည်ဟာ အရှေ့တောင်အာရှရဲ့ အကြီး ဆုံးဆည် ဖြစ်ပြီး အမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့်သိုလှောင်နိုင်သည့် ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ် အားထုတ်လုပ်နိုင်မှု.ပမာဏ ၃၀.မဂ်ဂါဝပျ ဖြစ်ပါတယ်။

Credit_Original_Uploader

PannNuHtwe

𝑀𝑦𝑎𝑛𝑚𝑎𝑟_𝐵𝑒𝑎𝑢𝑡𝑦_𝑊𝑜𝑟𝑙𝑑မှ

ပြန်လည်မျှဝေပါသည်။♥

Add a Comment

Your email address will not be published. Required fields are marked *