2021 ရဲ့ နောက်ဆုံးရက်လေးမှာ တစ်နှစ်လုံးစာ နဲ့ ပတ်သက်ပြီး သူမ ရဲ့ခံစားချက်တွေ ကို ပြောပြ လာ တဲ့ ချစ်သုဝေ






Crd

unicode

အဆိုတော် သရုပ်ဆောင် ချစ်သုဝေကတော့ သရုပ်ဆောင်ပိုင်းမှာသာမက ပညာရေးမှာလည်း ထူးချွန်ထက်မြက်တဲ့မင်းသမီးတစ်လတ် ဖြစ်ပါတယ် အစစအရာရာ ထူးချွန်တဲ့အပြင် ခေတ်သစ်ဖောင်ဒေးရှင်းတည်ထောင်ကာပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့သူလေးလဲ ဖြစ်ပါတယ်။

ချစ်ခင်ပွန်း အဆိုတော်လင်းလင်းနဲ့အတူ အမွှာသမီးလေး ခေတ် နဲ့ သစ် ကိုပြုစု ပျိုးထောင်ရင်းပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက မြန်မာ့နွေဦးတော်လှန်ရေးမှာ ဖေဖော်ဝါရီလအစထဲက ပါဝင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အားကြိုးမာန်တက်ဆက်လက်တော်လှန်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ စစ်ကောင်စီရဲ့ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာ ဖြစ်ပါတယ်။ ချစ်သုဝေက 2021 ရဲ့ နောက်ဆုံးရက်လေးမှာ တစ်နှစ်လုံးစာနဲ့ ပတ်သက်ပြီး ” Your choice is your life, your dignity and your history!!!

“ကိုယ့်ရဲ့ရွေးချယ်မှုတွေဟာ ကိုယ့်ဘဝ ကိုယ့်သိက္ခာ ကိုယ့်သမိုင်း ပါပဲ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးထားတာဖြစ်ပါတယ်။

Source : Chit Thu Wai’s Facebook Acc

Crd

Add a Comment

Your email address will not be published. Required fields are marked *