ခ်စ္တဲ့သူေတြကို ရင္ဖြင့္စကားဆိုလာတဲ့ ဦးေက်ာ္သက္လင္း
|ၾကည္လင္ျပတ္သားတည္ၾကည္တဲ့ အသံနဲ႔ တိက်မွန္ကန္တဲ့ သတင္းတင္ဆက္ပုံေတြေၾကာင့္ ျပည္သူလူထုၾကားခုခ်ိန္ထိ တသသျဖစ္ေနရတဲ့ သတင္းတင္ဆက္သူတစ္ဦးဆိုရင္ေတာ့ ဦးေက်ာ္သက္လင္းကိုပဲေဖာ္ျပရမွာျဖစ္ပါတယ္။ သူဟာ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သံၾကားဌာနမွာ ပထမဦးဆုံး CDMလုပ္ေဆာင္ခဲ့သူျဖစ္ၿပီး လက္႐ွိမွာေတာ့ လြတ္ေျမာက္နယ္ေျမမွာ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္ တပ္သားတစ္ဦးအျဖစ္တာဝန္ထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။
ဦးေက်ာ္သက္လင္းက သူ႕မွာ လြမ္းစရာ႐ွိတဲ့အေၾကာင္း၊ညသူခ်စ္ေသာသူမ်ားကို လြမ္းေၾကာင္းနဲ႔ သူတို႔ကိုထုတ္ေျပာခြင့္ မ႐ွိေတာ့တဲ့အေၾကာင္းလူမႈကြန္ယက္ေပၚမွာ အခုလို ေရးသားေျပာျပလာပါတယ္။ “က်ေနာ့္မွာလြမ္းစရာ႐ွိသည္၊ ထို႔ေၾကာင့္လြမ္းသည္။ သို႔ေသာ္၊ သ႑န္လုပ္သ႐ုပ္တူဆိုသည့္အတိုင္း၊ က်ရာဇာတ္႐ုပ္ကိုပီျပင္ေစ့ခ်င္သည္။
က်ေနာ္သည္သူရဲေကာင္းမဟုတ္၊ သူရဲေကာင္းကိုခ်စ္ျမတ္ႏိုးသည္။ သူရဲေကာင္းျဖစ္ခ်င္သည္။ ယခု က်ေနာ္ခ်စ္ေသာအရာမ်ားကိုစြန္႔ခြာ၍ အေဝးဆုံးမွာ႐ွိေနသည္ ။ ဒါေပမယ့္ က်ေနာ့္စိတ္ကေတာ့.က်ေနာ္ခ်စ္ေသာသူမ်ားႏွင့္အတူ႐ွိေနပါသည္။ ထို႔ေၾကာင့္ ႏိုင္ရာတာဝန္ထမ္းရင္း က်န္ခဲ့ေသာအတိတ္က အတူ႐ွိခဲ့သူ၊ က်ေနာ္ခ်စ္ေသာသူမ်ားကို လြမ္းပါသည္။ သူတို႔ကိုထုတ္ေျပာခြင့္ကားမ႐ွိေတာ့။
,က်ေနာ္ခ်စ္ေသာ သူရဲေကာင္းမ်ားသည္လည္း လြမ္းတတ္ ခ်စ္တတ္လြန္းမည္ထင္၏။”ဆိုၿပီး ေရးသားထားပါတယ္။ ျမန္မာျပည္ႀကီး စစ္အာဏာ႐ွင္လက္ေအာက္ကေန အျမန္ဆုံးလြတ္ေျမာက္ပါေစ။ ေလးစားစြာျဖင့္ ခရက္ဒစ္
unicode
ကြည်လင်ပြတ်သားတည်ကြည်တဲ့ အသံနဲ့ တိကျမှန်ကန်တဲ့ သတင်းတင်ဆက်ပုံတွေကြောင့် ပြည်သူလူထုကြားခုချိန်ထိ တသသဖြစ်နေရတဲ့ သတင်းတင်ဆက်သူတစ်ဦးဆိုရင်တော့ ဦးကျော်သက်လင်းကိုပဲဖော်ပြရမှာဖြစ်ပါတယ်။ သူဟာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာနမှာ ပထမဦးဆုံး CDMလုပ်ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တပ်သားတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။
ဦးကျော်သက်လင်းက သူ့မှာ လွမ်းစရာရှိတဲ့အကြောင်း၊ညသူချစ်သောသူများကို လွမ်းကြောင်းနဲ့ သူတို့ကိုထုတ်ပြောခွင့် မရှိတော့တဲ့အကြောင်းလူမှုကွန်ယက်ပေါ်မှာ အခုလို ရေးသားပြောပြလာပါတယ်။ “ကျနော့်မှာလွမ်းစရာရှိသည်၊ ထို့ကြောင့်လွမ်းသည်။ သို့သော်၊ သဏ္ဍန်လုပ်သရုပ်တူဆိုသည့်အတိုင်း၊ ကျရာဇာတ်ရုပ်ကိုပီပြင်စေ့ချင်သည်။
ကျနော်သည်သူရဲကောင်းမဟုတ်၊ သူရဲကောင်းကိုချစ်မြတ်နိုးသည်။ သူရဲကောင်းဖြစ်ချင်သည်။ ယခု ကျနော်ချစ်သောအရာများကိုစွန့်ခွာ၍ အဝေးဆုံးမှာရှိနေသည် ။ ဒါပေမယ့် ကျနော့်စိတ်ကတော့.ကျနော်ချစ်သောသူများနှင့်အတူရှိနေပါသည်။ ထို့ကြောင့် နိုင်ရာတာဝန်ထမ်းရင်း ကျန်ခဲ့သောအတိတ်က အတူရှိခဲ့သူ၊ ကျနော်ချစ်သောသူများကို လွမ်းပါသည်။ သူတို့ကိုထုတ်ပြောခွင့်ကားမရှိတော့။
,ကျနော်ချစ်သော သူရဲကောင်းများသည်လည်း လွမ်းတတ် ချစ်တတ်လွန်းမည်ထင်၏။”ဆိုပြီး ရေးသားထားပါတယ်။ မြန်မာပြည်ကြီး စစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်