တြံေတးမွာ လူ၅ဦးေသဆုံးခဲ့တဲ့ ျဖစ္ရပ္
|ရန္ကုန္တိုင္း၊ တြံေတးမွာ အိမ္စီးကားတစ္စီး ငါးေမြးကန္ထဲထိုးက်၊ ကားေပၚပါသူ ၅ ဦး ေသဆုံး
တြံေတးၿမိဳ႕နယ္က ေခ်ာင္းေဟာင္းေက်း႐ြာအနီးမွာ မေန႔ ဇန္နဝါရီလ ၂ ရက္ မြန္းလြဲပိုင္းတုန္းက အိမ္စီးကားတစ္စီးဟာ အနီးနားမွာ႐ွိတဲ့ ငါးေမြးကန္ထဲ ထိုးက်ၿပီးနစ္ျမဳပ္ခဲ့တာေၾကာင့္ ကားေပၚပါလာသူေတြထဲက ၅ ဦး အသက္ဆုံးပါးခဲ့တယ္လို႔ လိုက္ပါကူညီေပးခဲ့တဲ့ပရဟိတအသင္းက ေျပာပါတယ္။
”ယာဥ္ေမာင္းကေတာ့ လြတ္ေျမာက္ခဲ့တယ္။ ကားေပၚပါလာသူ အမ်ိဳးသမီး ၄ ဦးနဲ႔ ကေလး ၁ ဦး ေရမြန္းၿပီး ဆုံးပါတယ္။ အမ်ိဳးသမီး ၃ ဦးကေတာ့ ကြၽန္ေတာ္တို႔ ကယ္ဆယ္ေရးအဖြဲ႕ေရာက္ခ်ိန္မွာ အသက္မမီေတာ့ဘူး။
ေနာက္ အမ်ိဳးသမီး ၁ ဦးနဲ႔ ကေလး ၁ ဦးကိုလည္း အေရးေပၚျပဳစုနည္းေတြ၊ ေအာက္စီဂ်င္ေတြေပးခဲ့ေပမဲ့လည္း အသက္မကယ္ႏိုင္ခဲ့ဘူး။တြံေတးေဆး႐ုံေရာက္ေတာ့ အသက္မပါေတာ့ဘူး” လို႔ ကယ္ဆယ္ေရးအဖြဲ႕မွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။
ဓာတ္ပုံ – စိတၱသုခကူညီကယ္ဆယ္ေရး
unicode
ရန်ကုန်တိုင်း၊ တွံတေးမှာ အိမ်စီးကားတစ်စီး ငါးမွေးကန်ထဲထိုးကျ၊ ကားပေါ်ပါသူ ၅ ဦး သေဆုံး
တွံတေးမြို့နယ်က ချောင်းဟောင်းကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းတုန်းက အိမ်စီးကားတစ်စီးဟာ အနီးနားမှာရှိတဲ့ ငါးမွေးကန်ထဲ ထိုးကျပြီးနစ်မြုပ်ခဲ့တာကြောင့် ကားပေါ်ပါလာသူတွေထဲက ၅ ဦး အသက်ဆုံးပါးခဲ့တယ်လို့ လိုက်ပါကူညီပေးခဲ့တဲ့ပရဟိတအသင်းက ပြောပါတယ်။
”ယာဉ်မောင်းကတော့ လွတ်မြောက်ခဲ့တယ်။ ကားပေါ်ပါလာသူ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၁ ဦး ရေမွန်းပြီး ဆုံးပါတယ်။ အမျိုးသမီး ၃ ဦးကတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့ရောက်ချိန်မှာ အသက်မမီတော့ဘူး။
နောက် အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦးကိုလည်း အရေးပေါ်ပြုစုနည်းတွေ၊ အောက်စီဂျင်တွေပေးခဲ့ပေမဲ့လည်း အသက်မကယ်နိုင်ခဲ့ဘူး။တွံတေးဆေးရုံရောက်တော့ အသက်မပါတော့ဘူး” လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ – စိတ္တသုခကူညီကယ်ဆယ်ရေး