ခင်ပွန်းဖြစ်သူ လူမင်းတွက် ငိုရလွန်းလို့ မျက်ရည် တွေတောင် ခမ်းတော့မယ်ဆိုတဲ့ ခင်စံပယ်ဦး

ပရိသတ်ကြီးရေ ဖေဖော်ဝါရီလမှစပြီးတော့ အခုအချိန်ထိတိုင်အောင် ပြည်သူလူထုပါမကျန် အနုပညာရှင် တွေအားလုံးဟာ အတိုက်အခိုက် အန္တရာယ် တွေခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ကြုံတွေ့နေရပေမယ့်ဒီမိုကရေစီရရှိရေးအတွက် နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရောရရာ နေရာကနေနိုင် သလောက် ပါဝင်နေကြဆဲပါအနုပညာရှင် များကလည်း ပြည်သူတွေနဲ့ အတူရပ် တည်ကာလမ်းမပေါ်ထွက် ကာလှုပ်ရှားမှု တွေပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုအားကြိုးမာန် တတ်ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာအန်ကယ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ လူမင်း လည်းပါဝင်ခဲ့ပါတယ်။ခုဆိုရင် လူမင်း ဟာ CDM မှာပါဝင်ရန်ဝန်ထမ်းတွေကိုနှိုးဆော်ပေးခဲ့ တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ်။အားလုံးက လူမင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြတာလည်း အမှန်ပါပဲ။အခုလည်း ဇနီးဖြစ် သူခင်စံပယ်ဦးဟာခင်ပွန်းအတွက်အရမ်းစိုးရိမ်ပူပန်ပြီး နေ့စဉ်တိုင်းမျက်ရည် ကျနေရ ကြောင်းကိုယောက်ျားအတွက်စိတ်ပူပြီးငိုရလွန်းလို့မျက်ရည်တွေေ တာင်ခမ်းတော့မယ်။

ဒါပေမယ့်လည်းမယိုင်လဲ သွားအောင်ကြိုစား ပြီးအားတင်းထားပါမယ် ရေရေရာရာတော့ဘာမှမစားချင်ဘူး ဆိုပြီးရင်ဖွင့်ရေးသား ဖော်ပြခဲ့သည်ကိုပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ လူမင်းအဖမ်းခံထားရတာ အခုဆိုရင်တော့ အချိန်အတော်ကြာမြင့်‌နေပြီဖြစ်တာကြောင့်ပရိသတ်တွေနဲ့အတူ မိသားစုကလဲ လွမ်းနေပါပီနော်။ ဦး လူမင်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *