၎င်း၏ဘဏ်ဝန်ထမ်း Customerရဲ့ငွေသိန်းတစ်ရာကျော်ကို ယူပြေးသည့်အမှုအပေါ် တာဝန်ယူမှုလုံးဝမရှိတဲ့ KBZဘဏ်
unicode
ကျွန်မတို့ဆိုင်အတွက် အမြဲတမ်း ငွေလွှဲနေကြဖြစ်တဲ့အတွက် ဘဏ်တိုင်းက အကောင့်ဖွင့်ဖို့ ငွေလွှဲဖို့ကို ဘဏ်မန်နေဂျာတွေကိုယ်တိုင် ဆိုင်ကိုလာပြီးမိတ်ဆက်တယ် အကောင့်ဖွင့်ပေးတယ်။ ငွေလွှဲရင်လည်း ဆိုင်ကိုလာယူပေးပါ့ မယ်ဆိုပြီး ပြောပြီးမှ အမြဲတမ်း ငွေလာသိမ်းနေကြတွေပါ။
အခုတော့ပျဉ်းမနားမြီု့ (KBZ)ကမ္ဘောဇဘဏ် (၁)မှ မန်နေဂျာကလည်း ငွေလွှဲတွေကို ဒီဘဏ်ဝန်ထမ်းတွေမှ လာယူ သိမ်းပေးပါ့မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် ကျွန်မတို့က ဘဏ်ကို ယုံကြည်စိတ်ချစွာနဲ့ ငွေထည့်ပေးလိုက် နေကျပါ။ ငွေလွှဲလာတာ နှစ်နဲ့ချီနေပါပြီရှင်
ယခုတော့ (၂၈-၁၂-၂၀၂၁ )နေ့ကတော့ ဘဏ်ဝန်ထမ်းများထဲမှ ထူးခန့်ဝင်းဆိုတဲ့သူက ငွေသား ၁၁,၄၀၀,၀၀၀/ကျပ် (သိန်းတစ်ရာတစ်ဆယ့်လေးသိန်း ကျပ်တိတိ)ကို ဘဏ်ကိုမအပ်ပဲ ထွက်ပြေးသွားပါတယ်။ အဲ့တာကို ယခုတော့ ဘဏ်မှ တာဝန်ရှိသူများမှ
တာဝန်ယူမှုတာဝန်ခံမှု လုံးဝမလုပ်ပေးဘဲနဲ့ အချိန်ဆွဲနေတဲ့အတွက် ကျွန်မတို့ကဘဲ အမှုဖွင့်အရေးယူမှုတွေကို ပြုလုပ်ဆောင်ရွက်နေရပါတယ်ရှင်။ ယခုလိုမျိုး တာဝန်မဲ့တဲ့ဘဏ်မျိုးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေအပ်နှံထည့်သွင်းဖို့ ဖြစ်နိုင်ပါတော့ မလားရှင်။
ယခု ငွေကို ယူသွားတဲ့သူကလည်း အမြဲတန်းလာယူနေကြဝန်ထမ်းပါဘဲ၊ ကျွန်မတို့က သူ့ကိုယုံကြည်လို့ အလုပ်လုပ်တာမဟုတ်ဘူး။ ဘဏ်ကိုယုံကြည်မှုနဲ့ အလုပ်လုပ်တာပါ။ ငွေလာထုတ်သွားတဲ့သူက ပျဉ်းမနားမြို့ အောင်မင်္ဂလာ (၅)လမ်းမှ ထူးခန့်ဝင်း
မှတ်ပုံတင်အမှတ် ၉/ပမနနိုင် ၂၄၅၃၄၂ကိုင်ဆောင်သူသည် ကျွန်မတို့ရဲ့ ငွေများကိုထုတ်ယူသွားပြီး ယခုထွက်ပြေး တိမ်းရှောင်နေပါတယ်။ ကျွန်မတို့ဆီမှာ သူငွေလာထုတ် ယူတဲ့အချိန်တွေကို CCTVမှတ်တမ်း Recordလည်းရယူထားပြီးသားပါရှင်။
ထွက်ပြေးတိမ်းရှောင်နေတဲ့သူ့ကို တွေ့ခဲ့သူများရှိပါက သတင်းလေးပို့ပြီးပြောပေးကြပါရန် အနူးအညွတ်အထူးမေတ္တာရပ်ခံ အကူညီတောင်းခံပါတယ်ရှင်။ တွေ့ရှိခဲ့လျှင် ယခုဖုန်းနံပါတ်(0943156851)သို့ ဆက်သွယ်ပြီး အကြောင်းကြား ကူညီပေးစေလိုပါတယ်ရှင့်
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဆိုပြီး ရေးသားအကူအညီတောင်းထားပါတယ်။ ဒီနေရာမှာ တစ်ခုဘဝင်မကျတာက ဘဏ်ရဲ့တာဝန်ယူမှု တာဝန်ခံမှုပါပဲ။ ဘဏ်ဘဏ်ကခန့်ထား ဝန်ထမ်းက ခုလိုလုပ်သွားတာ ဘဏ်မှာပဲတာဝန်အပြည့် အဝရှိနေတာပါ။
Customerနဲ့ဘာမှမဆိုင်တော့ပါဘူး။ ဘာလို့ဆိုတော့ ဘဏ်ကတာဝန်ပေးပြီး လာယူခိုင်းတဲ့သူကိုပဲ ငွေပေးလိုက်ရတာဖြစ်လို့ ဘဏ်ကို ရောက်ခြင်းမရောက်ခြင်းက Customerနဲ့ မဆိုင်တော့ပါ။ အထူးဆင်ခြင်နိုင်ကြပါစေ။
လေးစားစွာဖြင့် ခရက်ဒစ်