ICC ကိစၥနဲ႔ပါတ္သက္ၿပီး NUG ကာကြယ္ေရး ဝန္ႀကီးရဲ႕ သုံးသပ္ခ်က္ တပ္တြင္း မိသားစုမ်ားၾကား ႐ိုက္ခတ္ေန

NUGကာကြယ္ေရးဝန္ႀကီးရဲ႕ သုံးသပ္ခ်က္ေတြနဲ႔ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးကိစၥေတြဟာ တပ္တြင္းမိသားစု ေတြၾကား ႐ိုက္ခတ္မႈႀကီးေနတယ္လို႔ Delta News Agency ရဲ႕ တပ္တြင္းသတင္းရင္းျမစ္ကေျပာပါတယ္။

ဒီဇင္ဘာ ေနာက္ဆုံးပတ္အတြင္း RFA သတင္းဌာနနဲ႔ ေတြ႕ဆုံခန္းမွာ ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္က PDF ေတြအားေကာင္းလာမႈနဲ႔ တိုင္းရင္းသား လက္နက္ကိုင္မဟာမိတ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈပိုအား ေကာင္း လာတဲ့အတြက္

စစ္ေရးလႈပ္႐ွားမႈေတြကို ဗ်ဴဟာေျမာက္ေဆာင္႐ြက္လာႏိုင္ေတာ့မွာျဖစ္ေၾကာင္းနဲ႔ ႏိုင္ငံတ ကာ ရဲ႕အားေပးကူညီမႈပိုမိုရ႐ွိလာမယ့္အေျခ အေနေတြကို ေထာက္ျပကာ ၂၀၂၂ ခုႏွစ္ဟာ ျပည္သူေတာ္လွန္ ေရးေအာင္ပြဲခံမယ့္ႏွစ္ ျဖစ္ေၾကာင္း

ေျပာၾကားခ်က္ဟာ တပ္တြင္းမိသားစုေတြၾကား ႐ိုက္ခတ္မႈႀကီးခဲ့တယ္လို႔ သိရပါတယ္။ ‘တပ္မိသားစုေတြမွာလည္း ေဖ့စ္ဘြတ္ခ္႐ွိတယ္။ေဖ့စ္ဘြတ္ခ္က သတင္းေတြၾကည့္႐ုံေလာက္နဲ႔ သူတို႔အႏၲရာ ယ္မ႐ွိဘူးဆိုတာသိၾကတယ္။

သူတို႔စစ္တပ္ေတြ တိုက္တိုင္း႐ႈံးေနတာသူတို႔ပိုသိတယ္။ အဲဒါေၾကာင့္ ဦးရည္မြန္ ရဲ႕ ေျပာၾကားခ်က္ေတြက အမွန္ေတြဆိုတာ သူတို႔ သိၾကတယ္။ၿပီးေတာ့ မင္းေအာင္လိႈင္ကို ICCမွာ တရားစြဲ ေတာ့မယ္လို႔သူတို႔ ယုံၾကည္ေနၾကတာကလည္း

တပ္မိသားစုေတြၾကား ေနာက္ထပ္႐ိုက္ခတ္မႈႀကီးေနတယ္’ လို႔ သူကေျပာပါတယ္။ ျပစ္မႈဆိုင္ရာႏိုင္ငံတကာခုံ႐ုံး(ICC)နဲ႔အာဂ်င္တီးနားႏိုင္ငံ ဖက္ဒရယ္တရား႐ုံးတို႔က ေပးပို႔လာတဲ့အေၾကာင္း ၾကား စာေတြကိုလက္မခံဖို႔စစ္အုပ္စုက ၫႊန္ၾကားထားတဲ့စာ လူမႈကြန္ရက္ေပၚ ေပါက္ၾကားလာျခင္းအရ လည္း တပ္တြင္းမိသားစုၾကား မင္းေအာင္လိႈင္ကိုႏိုင္ငံတကာကတရားစြဲေတာ့မယ္လို႔ ယုံၾကည္လာၾက ေၾကာင္း သိရပါတယ္။

‘စစ္တပ္ထဲမွာ မိသားစုလိုက္ ထြက္ေျပးဖို႔မလြယ္တာေရာ ထြက္မေျပးရဲတာေရာေၾကာင့္ ပိတ္မိေနတဲ့လူေတြ ႐ွိ တယ္။ေနာက္တစ္မ်ိဳးကေတာ့ မင္းေအာင္လိႈင္ဘက္က အေျခအေနမဟန္ေတာ့ဘူးဆိုတာကိုသိလို႔

ဒီဘက္ ေျပးခ်င္လာတဲ့ ျခံစည္း႐ိုးခြထိုင္ေနတဲ့အုပ္စုေပါ့။ သူတို႔က်ေတာ့လည္း NUGကာကြယ္ေရးဝန္ႀကီးရဲ႕စကားေတြ ဟာ သူတို႔ေခါင္းထဲ ေတာ္ေတာ္ဝင္လာတယ္’လို႔ သူကေျပာပါတယ္။ ၂၀၂၂ခုႏွစ္ဟာ ျပည္သူ႕ေတာ္လွန္ေရး

ေအာင္ပြဲခံမယ့္ႏွစ္ျဖစ္ေၾကာင္း NUG အစိုးရအဖြဲ႕ဝင္ေတြၾကား ကာကြယ္ ေရးဝန္ႀကီးဦးရည္မြန္က ပထမဆုံးေျပာၾကားခဲ့ၿပီးေနာက္ ဒုတိယေျမာက္အျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္ မာေအာင္ကလည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

unicode

NUGကာကွယ်ရေးဝန်ကြီးရဲ့ သုံးသပ်ချက်တွေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးကိစ္စတွေဟာ တပ်တွင်းမိသားစု တွေကြား ရိုက်ခတ်မှုကြီးနေတယ်လို့ Delta News Agency ရဲ့ တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။

ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း RFA သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က PDF တွေအားကောင်းလာမှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုပိုအား ကောင်း လာတဲ့အတွက်

စစ်ရေးလှုပ်ရှားမှုတွေကို ဗျူဟာမြောက်ဆောင်ရွက်လာနိုင်တော့မှာဖြစ်ကြောင်းနဲ့ နိုင်ငံတ ကာ ရဲ့အားပေးကူညီမှုပိုမိုရရှိလာမယ့်အခြေ အနေတွေကို ထောက်ပြကာ ၂၀၂၂ ခုနှစ်ဟာ ပြည်သူတော်လှန် ရေးအောင်ပွဲခံမယ့်နှစ် ဖြစ်ကြောင်း

ပြောကြားချက်ဟာ တပ်တွင်းမိသားစုတွေကြား ရိုက်ခတ်မှုကြီးခဲ့တယ်လို့ သိရပါတယ်။ ‘တပ်မိသားစုတွေမှာလည်း ဖေ့စ်ဘွတ်ခ်ရှိတယ်။ဖေ့စ်ဘွတ်ခ်က သတင်းတွေကြည့်ရုံလောက်နဲ့ သူတို့အန္တရာ ယ်မရှိဘူးဆိုတာသိကြတယ်။

သူတို့စစ်တပ်တွေ တိုက်တိုင်းရှုံးနေတာသူတို့ပိုသိတယ်။ အဲဒါကြောင့် ဦးရည်မွန် ရဲ့ ပြောကြားချက်တွေက အမှန်တွေဆိုတာ သူတို့ သိကြတယ်။ပြီးတော့ မင်းအောင်လှိုင်ကို ICCမှာ တရားစွဲ တော့မယ်လို့သူတို့ ယုံကြည်နေကြတာကလည်း

တပ်မိသားစုတွေကြား နောက်ထပ်ရိုက်ခတ်မှုကြီးနေတယ်’ လို့ သူကပြောပါတယ်။ ပြစ်မှုဆိုင်ရာနိုင်ငံတကာခုံရုံး(ICC)နဲ့အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးတို့က ပေးပို့လာတဲ့အကြောင်း ကြား စာတွေကိုလက်မခံဖို့စစ်အုပ်စုက ညွှန်ကြားထားတဲ့စာ လူမှုကွန်ရက်ပေါ် ပေါက်ကြားလာခြင်းအရ လည်း တပ်တွင်းမိသားစုကြား မင်းအောင်လှိုင်ကိုနိုင်ငံတကာကတရားစွဲတော့မယ်လို့ ယုံကြည်လာကြ ကြောင်း သိရပါတယ်။

‘စစ်တပ်ထဲမှာ မိသားစုလိုက် ထွက်ပြေးဖို့မလွယ်တာရော ထွက်မပြေးရဲတာရောကြောင့် ပိတ်မိနေတဲ့လူတွေ ရှိ တယ်။နောက်တစ်မျိုးကတော့ မင်းအောင်လှိုင်ဘက်က အခြေအနေမဟန်တော့ဘူးဆိုတာကိုသိလို့

ဒီဘက် ပြေးချင်လာတဲ့ ခြံစည်းရိုးခွထိုင်နေတဲ့အုပ်စုပေါ့။ သူတို့ကျတော့လည်း NUGကာကွယ်ရေးဝန်ကြီးရဲ့စကားတွေ ဟာ သူတို့ခေါင်းထဲ တော်တော်ဝင်လာတယ်’လို့ သူကပြောပါတယ်။ ၂၀၂၂ခုနှစ်ဟာ ပြည်သူ့တော်လှန်ရေး

အောင်ပွဲခံမယ့်နှစ်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့ဝင်တွေကြား ကာကွယ် ရေးဝန်ကြီးဦးရည်မွန်က ပထမဆုံးပြောကြားခဲ့ပြီးနောက် ဒုတိယမြောက်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင် မာအောင်ကလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *