ဒီမိုကေရစီအသြင္ကူးေျပာင္းေရး တပ္မေတာ္ႏွင့္ျပည္သူပူးေပါင္းရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္
|ဒီမိုကေရစီအသြင္ကူးေျပာင္းေရး လမ္းေၾကာင္းမွန္ေပၚတြင္ ဆက္လက္႐ွင္သန္ထြန္းကားႏိုင္ေရးအတြက္ တပ္မေတာ္ႏွင့္ အတူ တိုင္းရင္းသားျပည္သူမ်ား ပူးေပါင္းဝိုင္းဝန္းေဆာင္႐ြက္ၾကရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ကေျပာသည္။ယေန႔ က်ေရာက္သည့္ (၇၄)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အခမ္းအနားသို႔ နစကဥကၠ႒ ေပးပို႔သည္ သဝဏ္လႊာထဲမွာ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို တရားမွ်တမႈ အျပည့္အက်င့္သုံးၿပီး ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္ ကို အေျခခံသည့္ ျပည္ေထာင္စုကို ျပည္ေထာင္စုဖြားတိုင္းရင္းသားမ်ားအၾကားအျပန္အလွန္ေလးစားမႈားလည္မႈ၊ ယုံၾကည္ မႈမ်ားျဖင့္ တည္ေဆာက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ထာဝရၿငိမ္းခ်မ္းေရးရ႐ွိေရးအတြက္ေပါင္းအင္အားျဖင့္ ႀကိဳးပမ္း ေဖာ္
ေဆာင္ရယူ၍ ျပည္ေထာင္စုႀကီးတစ္ခုလုံး ဘက္စုံေထာင္စုံမွ ဟန္ခ်က္ညီညီ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆက္လက္ ပူးေပါင္း ညႇိႏိႈင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က “ထိုသို႔ ေဆာင္႐ြက္ရာ၌ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး လမ္း ေၾကာင္းမွန္ေပၚတြင္ ဆက္ လက္ ႐ွင္သန္ထြန္းကားႏိုင္ေရးအတြက္ တပ္မေတာ္ႏွင့္အတူ တိုင္း ရင္းသားျပည္သူမ်ားႏွင့္သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား အားလုံးက တစ္ေသြးတည္း၊
တစ္သားတည္း ပူးေပါင္းဝိုင္းဝန္းေဆာင္႐ြက္ၾကရန္ လိုအပ္ၾကပါသည္”ဟု ေျပာသည္။ထို႔ေနာက္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစိုးရအဖြဲ႕သာမက ျပည္တြင္း႐ွိ ႏိုင္ငံေရးအင္အားစုမ်ား၊ ႏိုင္ငံေရးပါတီ မ်ား၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားျပည္သူမ်ားအားလုံး
တက္ညီလက္ညီပူးေပါင္းပါဝင္၍ ျပည္တြင္းစီးပြားေရးႏွင့္ ကုန္ထုတ္ လုပ္မႈ လုပ္ငန္းတို႔အား အားတက္သေရာ ေဆာင္႐ြက္ႏိုင္ပါလွ်င္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား မလြဲမေသြရ႐ွိခံစားႏိုင္မည္ျဖစ္ပါသည္ဟု ၎ က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က “ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႏိုင္ငံေတာ္က က်င့္သုံးေနသည့္/ က်င့္သုံး ရန္ ရည္မွန္းထားသည့္ ႏိုင္ငံေရးစနစ္ႏွင့္ ျဖစ္ေပၚေနေသာ ႏိုင္ငံေရး
ယဥ္ေက်းမႈတို႔ (Political Culture)သဟဇာတျဖစ္ရန္ လိုအပ္ ပါသည္။ ျမန္မာႏိုင္ငံ၏ က်င့္သုံးေနသည့္/က်င့္သုံးရန္ရည္မွန္းထားသည့္ ႏိုင္ငံေရးစနစ္မွာ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီ စုံ ဒီ
မိုကေရစီစနစ္ ျဖစ္ပါသည္။ ဒီမိုကေရစီစနစ္ကို က်င့္သုံးႏိုင္ရန္အတြက္ လူပုဂၢိဳလ္တစ္ဦးခ်င္းအလိုက္၊ အဖြဲ႕အစည္း အလိုက္ ႏိုင္ငံ ေရးအသိအျမင္မ်ား အား ေကာင္းရန္ လိုအပ္ပါသည္”ဟု ေျပာသည္။ထို႔ေနာက္ အားလုံးပါဝင္ႏိုင္ေသာ က်ယ္က်ယ္ျပန္႔ျပန္႔ ကိုယ္စားျပဳမႈကို ေဖာ္ထုတ္ႏိုင္ေသာ ႏိုင္ငံေရးစနစ္ တည္ေဆာက္မႈ လိုအပ္သည္ဟု ၎က ေျပာသည္။
ထို႔ျပင္ ကိုလိုနီေခတ္က ၎တိုင္းရင္းသားစည္းလုံးညီၫြတ္မႈကို ပ်က္ျပား၍ ကြၽန္သက္႐ွည္ေအာင္ ေဆာင္႐ြက္ခဲ့သည့္နည္း တူ မ်က္ေမွာက္ကာလ၌လည္း ေခတ္သစ္ကိုလိုနီဝါဒီမ်ားက
ညီေနာင္တိုင္းရင္း သားအခ်င္းခ်င္း စည္းလုံးညီၫြတ္မႈၿပိဳကြဲ၍ ျမန္မာႏိုင္ငံကို ၎တို႔လိုသလို ခ်ယ္လွယ္ခြင့္ရရန္ ဆက္ လက္ေဆာင္႐ြက္ေနဆဲျဖစ္သည္ကို သတိ႐ွိၾကရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
လက္႐ွိတြင္ မိမိတို႔အေနျဖင့္ အယူအဆ၊ အယူဝါဒျပားမႈတို႔ေၾကာင့္ ျဖစ္ေပၚလာခဲ့သည့္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡ မ်ား၊ ေသြးကြဲမႈမ်ား ခ်ဳပ္ၿငိမ္း၍ ေရ႐ွည္တည္တံ့ခိုင္ၿမဲသည့္ ထာဝရၿငိမ္းခ်မ္းေရးရ႐ွိေရး ေဆာင္႐ြက္လ်က္႐ွိေၾကာင္း၊ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးက ဝိုင္းဝန္းပါဝင္ ေဆာင္႐ြက္ၾကရန္ တိုက္တြန္းလိုပါသည္ဟု ၎က ေျပာသည္။
Credit – Original Writer
unicode
ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့် အတူ တိုင်းရင်းသားပြည်သူများ ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နစကဥက္ကဋ္ဌ ပေးပို့သည် သဝဏ်လွှာထဲမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်အကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွားတိုင်းရင်းသားများအကြားအပြန်အလှန်လေးစားမှုားလည်မှု၊ ယုံကြည် မှုများဖြင့် တည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်ပေါင်းအင်အားဖြင့် ကြိုးပမ်း ဖော်
ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ထိုသို့ ဆောင်ရွက်ရာ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်း ကြောင်းမှန်ပေါ်တွင် ဆက် လက် ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်း ရင်းသားပြည်သူများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးက တစ်သွေးတည်း၊
တစ်သားတည်း ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြပါသည်”ဟု ပြောသည်။ထို့နောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီ များ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး
တက်ညီလက်ညီပူးပေါင်းပါဝင်၍ ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ် လုပ်မှု လုပ်ငန်းတို့အား အားတက်သရော ဆောင်ရွက်နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ မလွဲမသွေရရှိခံစားနိုင်မည်ဖြစ်ပါသည်ဟု ၎င်း က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ကျင့်သုံးနေသည့်/ ကျင့်သုံး ရန် ရည်မှန်းထားသည့် နိုင်ငံရေးစနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေး
ယဉ်ကျေးမှုတို့ (Political Culture)သဟဇာတဖြစ်ရန် လိုအပ် ပါသည်။ မြန်မာနိုင်ငံ၏ ကျင့်သုံးနေသည့်/ကျင့်သုံးရန်ရည်မှန်းထားသည့် နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီ စုံ ဒီ
မိုကရေစီစနစ် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်း အလိုက် နိုင်ငံ ရေးအသိအမြင်များ အား ကောင်းရန် လိုအပ်ပါသည်”ဟု ပြောသည်။ထို့နောက် အားလုံးပါဝင်နိုင်သော ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ် တည်ဆောက်မှု လိုအပ်သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြား၍ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်း တူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီဝါဒီများက
ညီနောင်တိုင်းရင်း သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံကို ၎င်းတို့လိုသလို ချယ်လှယ်ခွင့်ရရန် ဆက် လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိတွင် မိမိတို့အနေဖြင့် အယူအဆ၊ အယူဝါဒပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များ၊ သွေးကွဲမှုများ ချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်ဟု ၎င်းက ပြောသည်။
Credit – Original Writer