ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကေမ႓ာဒီးယား ဝန္ႀကီး ခ်ဳပ္ ေတြ႕ဆုံ ခြင့္

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကေမ႓ာဒီးယား ဝန္ႀကီးခ်ဳပ္ ေတြ႕ဆုံခြင့္ရႏိုင္ေနျပည္ေတာ္ကို ယခုလ ၇ ရက္ေန႔တြင္ တရားဝင္သြားေရာက္လည္ပတ္မည့္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္

ဟြန္ဆန္သည္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္ႏွင့္ေတြ႕ဆုံမည္ျဖစ္သလို ဖမ္းဆီးခံ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္လည္းေတြ႕ဆုံႏိုင္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းစာက ေရးသားသည္။ဘန္ေကာက္ပို႔စ္ သတင္းတြင္ အာဆီယံအဖြဲ႕အေၾကာင္း ေဝဖန္သုံးသပ္ခ်က္မ်ားေရးသားေသာ သတင္းစာဆရာ KaviChongkittavornက ထိုအခရီးစဥ္အတြင္း ျမန္မာစစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD ပါတီ ကိုယ္စားလွယ္မ်ားအား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ႏွင့္ေတြ႕ဆုံခြင့္ေပးႏိုင္ေၾကာင္း ေရးသားထားသည္။

အာဆီယံအဖြဲ႕၏ လက္႐ွိ ဥကၠ႒ တာဝန္ကို အလွည့္က်ယူထားရေသာ ကေမ႓ာဒီးယားသည္ ျမန္မာ့တပ္မေတာ္ႏွင့္ အလုပ္လက္တြဲလုပ္ေဆာင္လိုေၾကာင္းေျပာၾကား ထားၿပီး ႏိုင္ငံျခားေရးဝန္ႀကီး Park Sokonnကိုလည္း ဒီဇင္ဘာလအတြင္းက ေနျပည္ေတာ္ကို ေစလြတ္ခဲ့ၿပီးျဖစ္သည္။အာဆီယံဝန္ႀကီးမ်ား၏ ေတြ႕ဆုံပြဲကို ကေမ႓ာဒီးယားက Siem Reap ၌ ဇန္နဝါရီလ ၁၉ ရက္တြင္ စီစဥ္ထားေသာေၾကာင့္ ထိုေတြ႕ဆုံပြဲ မတိုင္ခင္ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ ျမန္မာျပည္ သြားေရာက္ရန္ စီစဥ္ထားျခင္းျဖစ္သည္။ဘန္ေကာက္ပို႔စ္ သတင္း အဆိုအရ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္အေနႏွင့္ သူ၏ခရီးစဥ္တြင္ လက္ခ်ည္းသပ္သပ္ျပန္လာရလိမ့္မည္ဟု မေမွ်ာ္လင့္ေၾကာင္း ခန္႔မွန္းေရးသားထားသည္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က သူ႕ခရီးစဥ္မတိုင္ခင္ ေတာင္းဆိုမႈမ်ား၊ စည္းကမ္းခ်က္မ်ား မထား႐ွိဟုသတင္းစာကေရးသားထားသည္။

ဇန္နဝါရီလ ၁၉ ရက္ Siem Reap တြင္ျပဳလုပ္မည့္ အာဆီယံဝန္ႀကီးမ်ားအစည္းအေဝးတြင္ ဥကၠ႒ ေနရာယူထားသူ ကေမ႓ာဒီးယားကျမန္မာျပည္အေၾကာင္းအခ်ိန္မီ သတင္းတင္ျပႏိုင္ရန္ ႀကိဳးစားေနေၾကာင္းေရးသားထားသည္။ ဘ႐ူႏိုင္းႏိုင္ငံက ၂၀၂၁ ခုႏွစ္ အလွည့္က်ဥကၠ႒ တာဝန္ကိုယူခဲ့ၿပီး ျမန္မာ အာဏာသိမ္းစစ္ေခါင္းေဆာင္ကို အာဆီယံ ထိပ္သီးညီလာခံသို႔ ဖိတ္ၾကားျခင္း မျပဳခဲ့ေပ။ ျမန္မာျပည္တြင္စစ္တပ္က အာဏာသိမ္းခဲ့ျခင္းသည္ တရားမဝင္ဘဲ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္သည္ဟု ဆုံးျဖတ္ခဲ့သည္။ ထို႔အျပင္အာဆီယံအဖြဲ႕က ျမန္မာႏွင့္ သေဘာတူညီခဲ့ေသာ ဂ်ကာတာ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ျမန္မာ အာဏာသိမ္းစစ္ေကာင္စီအေကာင္ထည္ေဖာ္ျခင္းမ႐ွိဟု ေဝဖန္ခဲ့သည္။ ဧရာဝတီ

Credi

ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် တွေ့ဆုံခွင့်ရနိုင်နေပြည်တော်ကို ယခုလ ၇ ရက်နေ့တွင် တရားဝင်သွားရောက်လည်ပတ်မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်

ဟွန်ဆန်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်သလို ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံနိုင်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားသည်။ဘန်ကောက်ပို့စ် သတင်းတွင် အာဆီယံအဖွဲ့အကြောင်း ဝေဖန်သုံးသပ်ချက်များရေးသားသော သတင်းစာဆရာ KaviChongkittavornက ထိုအခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီ ကိုယ်စားလှယ်များအား ဝန်ကြီးချုပ် ဟွန်ဆန်နှင့်တွေ့ဆုံခွင့်ပေးနိုင်ကြောင်း ရေးသားထားသည်။

အာဆီယံအဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျယူထားရသော ကမ္ဘောဒီးယားသည် မြန်မာ့တပ်မတော်နှင့် အလုပ်လက်တွဲလုပ်ဆောင်လိုကြောင်းပြောကြား ထားပြီး နိုင်ငံခြားရေးဝန်ကြီး Park Sokonnကိုလည်း ဒီဇင်ဘာလအတွင်းက နေပြည်တော်ကို စေလွတ်ခဲ့ပြီးဖြစ်သည်။အာဆီယံဝန်ကြီးများ၏ တွေ့ဆုံပွဲကို ကမ္ဘောဒီးယားက Siem Reap ၌ ဇန်နဝါရီလ ၁၉ ရက်တွင် စီစဉ်ထားသောကြောင့် ထိုတွေ့ဆုံပွဲ မတိုင်ခင် ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာပြည် သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ဘန်ကောက်ပို့စ် သတင်း အဆိုအရ ဝန်ကြီးချုပ်ဟွန်ဆန်အနေနှင့် သူ၏ခရီးစဉ်တွင် လက်ချည်းသပ်သပ်ပြန်လာရလိမ့်မည်ဟု မမျှော်လင့်ကြောင်း ခန့်မှန်းရေးသားထားသည်။ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ခရီးစဉ်မတိုင်ခင် တောင်းဆိုမှုများ၊ စည်းကမ်းချက်များ မထားရှိဟုသတင်းစာကရေးသားထားသည်။

ဇန်နဝါရီလ ၁၉ ရက် Siem Reap တွင်ပြုလုပ်မည့် အာဆီယံဝန်ကြီးများအစည်းအဝေးတွင် ဥက္ကဋ္ဌ နေရာယူထားသူ ကမ္ဘောဒီးယားကမြန်မာပြည်အကြောင်းအချိန်မီ သတင်းတင်ပြနိုင်ရန် ကြိုးစားနေကြောင်းရေးသားထားသည်။ ဘရူနိုင်းနိုင်ငံက ၂၀၂၁ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုယူခဲ့ပြီး မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်း မပြုခဲ့ပေ။ မြန်မာပြည်တွင်စစ်တပ်က အာဏာသိမ်းခဲ့ခြင်းသည် တရားမဝင်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့အပြင်အာဆီယံအဖွဲ့က မြန်မာနှင့် သဘောတူညီခဲ့သော ဂျကာတာ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာ အာဏာသိမ်းစစ်ကောင်စီအကောင်ထည်ဖော်ခြင်းမရှိဟု ဝေဖန်ခဲ့သည်။ ဧရာဝတီ

Credi

Add a Comment

Your email address will not be published. Required fields are marked *