အချိန်တိုင်း စိတ်တူကိုယ်တူနဲ့ အမြဲ အတူ ရှိပေး ခဲ့ တဲ့ ဟားငါးကောင်အဖွဲ့ဝင် ညီအကိုတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ တိုင်းကျော်
unicode
ဇာတ်သဘင်လောကမှာ အထိုက်အလျောက်အောင်မြင်မှုတွေထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့ ဟားငါးကောင်အဖွဲ့ကိုတော့ ပရိသတ်တွေက
လေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ မြို့ပေါ်မှာရှိတဲ့အချိန်တုန်းကလည်း လူထုလှုပ်ရှားမှုပွဲတွေမှာ တတ်နိုင်သလောက် ပါဝင်အားဖြည့် ပေးခဲ့ကြပြီး အခုချိန်မှာတော့ ဟားငါးကောင်အဖွဲ့ဟာ
တောတွင်းတစ်နေရာကို ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုလေးတို့ငါးယောက်လုံးကတော့ အနုပညာအလုပ်တွေ လုပ်စဉ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို
အခုလိုအချိန်မှာလည်း စည်းလုံးညီညွတ်နေကြပါတယ်။ အမြဲတမ်း ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်တူကိုယ်တူရှိနေကြတဲ့ ညီအစ်ကိုတွေကို တိုင်းကျော်က ကျေးဇူးတင်စကားဆိုထားတာပဲ ဖြစ်ပါတယ်။
“လွတ်လပ်တဲ့ နေ့ တွေရော၊ မလွတ်လပ်ခဲ့တဲ့နေ့တွေရော၊ အတူတူ ရှိပေးနေတဲ့ ညီကိုတွေကျေးဇူးပါကွာ။ တိုင်းကျော် ( ဟား၅ကောင် )” ဆိုပြီး တိုင်းကျော်က ပြောပြထားတာ ဖြစ်ပါတယ်။
ဟားငါးကောင်တို့ရဲ့ စိတ်ဓာတ်ကို ပြည်သူတွေကလည်း ချစ်ခင်လေးစားပြီး အရင်ကထက် ပိုပြီးအားပေးမယ်ဆိုတဲ့ အကြောင်းတွေကို Comment တွေမှာ ပြောထားကြပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်