အောက်တိုဘာ၁၀ရက်နေ့
crd
unicode
“ငါတို့ရုံး ငါတို့ပြန်ရတော့မယ်”လို့ NUGအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။
အောက်တိုဘာ၁၀ရက်နေ့
လူမှုကွန်ရက်စာမျက်နှာမှာ CDMများသို့ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားပြောကြားထားပါတယ်။“CDMများသို့ အားတင်းကြ။ငါတို့နိုင်နေပြီ။
ငါတို့အိမ်ပြန်ရတော့မည်။ငါတို့ရုံးငါတို့ပြန်ရတော့မည်။ငါတို့ကျောင်းငါတို့ပြန်ရတော့မည်။ငါတို့ဆေးရုံ ငါတို့ပြန်ရတော့မည်။
ငါတို့အလုပ်ရုံ ငါတို့ပြန်ရတော့မည်။ငါတို့ စက်ရုံငါတို့ပြန်ရတော့မည်။ငါတို့ တိုင်းပြည် ငါတို့ပိုင်ပိုင် တည်ဆောက်ကြရတော့မည်။အရေးတော်ပုံ အောင်နေပြီ”လို့ ဆိုထားပါတယ်။
စက်တင်ဘာ၇ရက်နေ့ အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်းမှာ စကစတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားချက်အရ(၂၈.၉.၂၀၂၁ မွ ၄.၁၀.၂၀၂၁)အထိ စစ်ကောင်စီတပ်သား (၄၂၇) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၈၃)ဦး ရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
crd