တပ္မေတာ္သည္ ရယူ လို မႈ အနည္းဆုံးႏွင့္ ေပးဆပ္ႏိုင္မႈ အျမင့္မား ဆုံး၊ လက္နက္ကိုင္တခ်ိဳ႕ အခ်ဳပ္အျခာအာဏာ ကို ထိပါးေနဟု တပ္ခ်ဳပ္ေျပာ
|ႏိုင္ငံေတာ္၏ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ေနေသာ တပ္မေတာ္သည္ ရယူလိုမႈ အနည္းဆုံးႏွင့္ ေပးဆပ္ႏိုင္မႈ အျမင့္မားဆုံးအဖြဲ႕အစည္းျဖစ္ၿပီး လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕သည္ ပဋိပကၡ ဖန္တီး၍ အခ်ဳပ္အျခာအာဏာကို ထိပါးေနေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က ေျပာဆိုလိုက္သည္။
ဇန္နဝါရီလ ၄ ရက္ေန႔ ေနျပည္ေတာ္တြင္ က်င္းပေသာ တပ္မေတာ္ စြမ္းရည္သတၱိဆိုင္ရာဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္လက္မွတ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္း အခမ္းအနားတြင္ ၎က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္သည္။“ႏိုင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္မႈႏွင့္ ပတ္သက္လာပါက တပ္မေတာ္သည္ ရယူလိုမႈ အနည္းဆုံးႏွင့္ ေပးဆပ္ႏိုင္မႈအျမင့္မားဆုံး အဖြဲ႕အစည္းတစ္ရပ္ျဖစ္ေၾကာင္းကို တပ္မေတာ္၏ အစဥ္အလာ တစ္ဆယ့္ႏွစ္ရပ္ႏွင့္ မွတ္ေက်ာက္တင္ခံခဲ့ၿပီး ျဖစ္ေၾကာင္း” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က ေျပာဆိုသည္။
တပ္မေတာ္သည္ ေခတ္အဆက္ဆက္ ေတာက္ေလာင္ခဲ့ေသာ လက္နက္ကိုင္ပဋိပကၡ မီးေတာက္ကို ထာ၀ရ ၿငိမ္းခ်မ္းေရးႏွင့္အၿပီးတိုင္ ၿငႇိမ္းသတ္ႏိုင္ေရး ေဆာင္႐ြက္လ်က္႐ွိေၾကာင္း၊ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိက အဟန္႔အတားျဖစ္ေစသည္မွာ တည္ၿငိမ္ေအးခ်မ္းမႈမ႐ွိျခင္းပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနႏွင့္ ၿငိမ္းခ်မ္းေရးကိစၥမ်ား ေဆာင္႐ြက္သည့္ေနရာတြင္ တဒဂၤၿငိမ္းခ်မ္းေရး၊တဒဂၤျပႆနာမ်ား ေျပလည္ေရးကိုသာ ဦးတည္ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ထာ၀ရၿငိမ္းခ်မ္းေရးရ႐ွိရန္ ေဆာင္႐ြက္ေနၿပီး ၂၀၂၀ ျပည့္ႏွစ္တြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေရး၊
တိုင္းရင္းသား ျပည္သူလူထုက လိုလားေတာင့္တသည့္ ထာ၀ရၿငိမ္းခ်မ္းေရးကို ျပည္သူ႕လက္သို႔ အေရာက္ေပးအပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း ၎က ေျပာဆိုသည္။
ႏိုင္ငံေတာ္အစိုးရ၏ အုပ္ခ်ဳပ္ေရး ယႏၲရားကို ပ်က္ျပားေစၿပီး ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ လုံျခဳံမႈမ႐ွိေအာင္ လုပ္ေဆာင္ေနမႈမ်ား၊ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားကို အၾကမ္းဖက္ လုပ္ရပ္မ်ားႏွင့္ ထိပါး ေႏွာင့္ယွက္မႈမ်ားအျပင္ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ရယူလိုစိတ္နည္းပါးမႈမ်ားေၾကာင့္ မလြဲမေ႐ွာင္သာဘဲ စစ္ေရးနည္းအရ ရင္ဆိုင္ေျဖ႐ွင္းမႈမ်ား ႐ွိေနဆဲျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္က အႀကိမ္ႀကိမ္လိုက္ေလ်ာမႈမ်ား၊ သေဘာထားႀကီးစြာႏွင့္ သည္းခံ ညႇိႏိႈင္းမႈမ်ားကို လ်စ္လ်ဴ႐ႈၿပီး
လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က ႏိုင္ငံေရးအျမတ္ထုတ္လိုမႈ၊ ပုဂၢလိက အက်ိဳးစီးပြားကို ေ႐ွ႕တန္းတင္ကာ ပဋိပကၡမ်ားကို စတင္ဖန္တီးျခင္းျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားလ်က္႐ွိေၾကာင္း ၎က ေျပာဆိုသည္။
Photo Credit – GNM
unicode
နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှု အမြင့်မားဆုံးအဖွဲ့အစည်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တချို့သည် ပဋိပက္ခ ဖန်တီး၍ အချုပ်အခြာအာဏာကို ထိပါးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။“နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်လာပါက တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းကို တပ်မတော်၏ အစဉ်အလာ တစ်ဆယ့်နှစ်ရပ်နှင့် မှတ်ကျောက်တင်ခံခဲ့ပြီး ဖြစ်ကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။
တပ်မတော်သည် ခေတ်အဆက်ဆက် တောက်လောင်ခဲ့သော လက်နက်ကိုင်ပဋိပက္ခ မီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးနှင့်အပြီးတိုင် ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေသည်မှာ တည်ငြိမ်အေးချမ်းမှုမရှိခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်သည့်နေရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊တဒင်္ဂပြဿနာများ ပြေလည်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်ရေး၊
တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။
နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားစေပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေမှုများ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အကြမ်းဖက် လုပ်ရပ်များနှင့် ထိပါး နှောင့်ယှက်မှုများအပြင်ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နည်းပါးမှုများကြောင့် မလွဲမရှောင်သာဘဲ စစ်ရေးနည်းအရ ရင်ဆိုင်ဖြေရှင်းမှုများ ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အကြိမ်ကြိမ်လိုက်လျောမှုများ၊ သဘောထားကြီးစွာနှင့် သည်းခံ ညှိနှိုင်းမှုများကို လျစ်လျူရှုပြီး
လက်နက်ကိုင်အဖွဲ့အစည်းအချို့က နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ပုဂ္ဂလိက အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပဋိပက္ခများကို စတင်ဖန်တီးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
Photo Credit – GNM